Arc 2.15(2)

4.1K 390 2
                                    

unicode


အပိုင်း(၄၅) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၅.၂)

ပိုင်ယွီသည် ထိုသူအားတွန်းဖယ်နေပြီး သူ့နှလုံးသားထဲ၌ နာကျည်းမှုများကိုသာ ခံစားနေရသည်။

သို့သော် ရုတ်တရက် လေပွေတိုက်လာသလို ခံစားလိုက်ရပြီး နုနယ်နေသောခန္ဓာကိုယ်မှာ ပို၍ပင်ပျော့ခွေသွားရသည်။

သူ၏ခွန်အားများက တဖြည်းဖြည်းဆုတ်ယုတ်လာသလို ခံစားနေရပြီး ပျောက်ကွယ်သွားတော့မတတ်ပင်။

ဤရက်ပိုင်းတွင် ထိုကဲ့သို့မရေမတွက်နိုင်အောင် ခံစားနေရပြီး မူးမိုက်နေတတ်သည်။ ယခုလဲ ထိုသို့ဖြစ်လာပုံပင်။

အမြင်အာရုံတို့က မဲမှောင်လာပြီးနောက် အသိစိတ်တို့လဲ တဖြည်းဖြည်း ပျောက်ကွယ်လာရသည်။ ထို့နောက် ဘာကိုမှမသိတော့ချေ။

ရုတ်တရက် မေ့လဲသွားသောပိုင်ယွီကို တွေ့လိုက်ရသောအခါ သူ့နှလုံးသားမှာ လည်ချောင်းကတဆင့် ခုန်ထွက်လာတော့မလိုပင် လီယွီဖုန်းတစ်ယောက် ခံစားလိုက်ရသည်။

ပိုင်ယွီအားပွေ့ချီ၍ အခန်းထဲမှ ပြေးထွက်လာမိသည်။

မူးမေ့သွားသောပိုင်ယွီအား တွေ့လိုက်ရချိန်တွင် လီယွီဖုန်း၏ခေါင်းထဲ၌ ဗလာကျင်းသွားပြီး တစ်ခဏမျှ အသိစိတ်လွှတ်သွားရသည်။

သို့သော် တစ်ချိန်ထဲမှာပင် အဖြစ်အပျက်အား နားလည်သွားသောကြောင့် ပိုင်ယွီအား လျှင်မြန်စွာပွေ့ချီကာ အခန်းထဲမှ အပြေးတပိုင်းထွက်လာခဲ့သည်။

ပိုင်ယွီ၏ခန္ဓာကိုယ်လေးမှာ အလွန်ပေါ့ပါးနေပြီး ပွေ့ချီလာချိန်တွင် အရိုးများပင်မရှိတော့သလို ပျော့ခွေနေခဲ့သည်။ ကိုယ်ခန္ဓာ၌ အသားလုံးဝမရှိသကဲ့သို့ ခံစားရပြီး အလွန်အမင်း ပိန်ချုံးနေသည်။

ပိုင်ယွီတစ်ယောက် အလွန်ပိန်သွားကြောင်းကို ပထမဆုံးအကြိမ်အနေနှင့် လီယွီဖုန်း သတိပြုမိခဲ့သည်။

လွန်ခဲ့သောရက်များတွင် ပိုင်ယွီသည် ဘာမှမစားမသောက်ခဲ့ပေ။ ထို့ပြင် အန်းယွီ၏လက်ထဲ၌နေရစဉ်က စစ်ဆေးခန်းတွင် ကြိုးတန်းလန်းအဆွဲခံထားရသလို နေ့ရောညပါ ကြာပွတ်နှင့် အရိုက်ခံရသောကြောင့် ပိုင်ယီအား အလွန်အမင်းအားနည်းစေခဲ့သည်။

ပိုင်ယွီသည် မူလကတည်းက နုနယ်သောအိုမီဂါဖြစ်၍ မည်သို့ပင်ကောင်းမွန်သောအနေအထား၌ရှိစေကာမူ အကာအကွယ်လိုအပ်သည်။

ထိုခန္ဓာကိုယ်လေးမှာ အယ်လ်ဖာတို့နှင့်မဆိုထားဘိ သာမန်ဘီတာများနှင့်ပင် မယှဉ်နိုင်ပါချေ။ သို့သော် ဤရက်ပိုင်း၌ ကြမ်းတမ်းသောနေ့ရက်များကို ခံစားခဲ့ရသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now