Arc 4.5(2)

2.4K 215 0
                                    

unicode

အပိုင်း(၈၂) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၅.၂)

ပိုင်ယွီတွင် ရွေးချယ်စရာမရှိတော့သဖြင့် ရှောင်မီဟူနှင့် ဆက်သွယ်လိုက်သည်။

"ရှောင်မီဟူ System storeမှာ အမြင်အာရုံကိုတိုးပေးမဲ့ပစ္စည်းမျိုး ရှိလား"

[ဟုတ်ကဲ့ ကျွန်တော်ကြည့်လိုက်မယ် အာ... အမှတ် ၁၀၀၀၀၀၀၀၀ရှိနေရင်တော့ အဲ့ဒီitemနဲ့ လဲလို့ရပါတယ် ပြောရရင် အမြင်အာရုံတိုးမြှင့်တယ်ဆိုတာ ရုပ်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုပဲမို့ ကုန်ကျမဲ့အမှတ်ပမာဏက အတူတူပဲဖြစ်သွားတာပါ]

ပိုင်ယွီ: ...

တကယ်ကို ရိုးသားမှုကင်းမဲ့တဲ့ဈေးကွက်တွေက လူသားတွေကိုသတ်တာပဲ။

မျက်မှန်လေးကိုကြည့်ရင်းမှ အတော်ကြာသည်အထိ အားပြတ်နေသလို ခံစားနေရသည်။

စုန့်ယွီသည် စိတ်ပျက်လက်ပျက်ဖြစ်နေသော ပိုင်ယွီ၏မျက်နှာလေးကိုကြည့်ကာ ထိတ်လန့်ဖွယ်ကောင်းလှသော အမှားကြီးတစ်ခုကို ကျူးလွန်မိခဲ့သလို ခံစားလာရသည်။

ဤသို့နှယ်လှပသောမျက်နှာလေးတွင် ဝမ်းနည်းမှုအရိပ်အယောင်များဖြစ်ပေါ်နေသည်ကို အဘယ်ကြောင့်မသိချင်ယောင်ဆောင်နိုင်ပါမည်နည်း။

ပိုင်ယွီအား တစ်ကြိမ်မက ရိုက်နှက်ဖူးသည်ဟု သတိပြန်ရလာသောအခါ စုန့်ယွီ၏ရင်ထဲ မသက်မသာဖြစ်လာသည်။ သူ့ဘဝတွင် ဤအသက်အရွယ်ရောက်လာသည်အထိ သူ့နှလုံးသားအား လှုပ်ရှားစေနိုင်သူနှင့် ပထမဆုံးအကြိမ် တွေ့ဆုံခဲ့ရခြင်းဖြစ်ပါသော်လဲ ကိုယ်တိုင်ကမူ အနှီလူသားအား တစ်ကြိမ်မက ရိုက်နှက်ခဲ့ပြီးသားဖြစ်နေခဲ့သည်။ သူ့ဘဝတွင် ဤအကြိမ်မှလွဲ၍ တရားလွန်သွားသည်ဟု တခါမှတွေးမိခဲ့ဖူးခြင်းမရှိခဲ့ပေ။

"အဲ့ဒီမျက်မှန်ကို ပြန်လျော်ပေးပါ့မယ် ငါ့ကိုစိတ်မဆိုးပါနဲ့"

ထိုစကားကို အသဲအသန်ပြောပြီးနောက် စုန့်ယွီ ပြေးထွက်လာခဲ့သည်။ လမ်းမကြီးဘေးမှ ကပ်လျှောက်လာခဲ့သော်လဲ စိတ်ထဲတွင်မူ မျက်မှန်ချွတ်ထားသော ပိုင်ယွီ၏မျက်နှာလေးက အပြည့်အဝနေရာယူထားသည်။

ပိုင်ယွီ၏ပုံပန်းသဏ္ဍာန်လေးမှာ ကျောင်း၌ရှိသော မည်သူထက်မဆို ပို၍လှပသည်။ ယောကျာ်းလေးဖြစ်စေ မိန်းကလေးဖြစ်စေ ပိုင်ယွီထက်လှပသောသူ မရှိပါချေ။

စုန့်ယွီ သူ့နှလုံးသားရှိရာသို့ လက်ဖြင့်အုပ်ထားလိုက်သည်။ နှလုံးသားသည်က ယခုအထိ ခုန်ပေါက်နေဆဲပင်။ ပြောရမည်ဆိုလျှင် ပိုင်ယွီအား ပထမဆုံးအကြည့်စုံချိန်၌ ချစ်မိသွားခဲ့ပြီဖြစ်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now