Arc 2.18(1)

4.1K 388 3
                                    

unicode

အပိုင်း(၄၈) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၈.၁)

ဤသို့ကြောက်မက်ဖွယ်ကောင်းသူကို ဘုရင်မင်းမြတ်မဆိုထားဘိ တစ်လောကလုံး၌ အင်အားအကြီးဆုံးလက်နက်ကို ပိုင်ဆိုင်ထားသူလျှင်ပင် ထိခိုက်အောင်လုပ်နိုင်စွမ်း မရှိပါချေ။

အမတ်ပိုင်သည် မျက်ရည်ပိုးပိုးပေါက်ပေါက်ကျလာခဲ့သည်။

သူ၏မွေးစားသားပိုင်ယွီသည် လီယွီဖုန်းနောက်လိုက်ကာ ကိုယ်ဝန်ပင် ရနေပြီဖြစ်သည်။ သူ့အနေနှင့် လမ်းမှားကိုရွေးချယ်ကာ ပိုင်ယွီကိုသတ်ရန် စိတ်မကူးခဲ့ပါလျှင် ယခုကဲ့သို့ လေထဲမိုးထဲ၌ အခက်တွေ့နေရမည်မဟုတ်ပေ။

သို့သော် ယခုအခါတွင် သူ၏ဘဝက ခက်ခဲနေပြီဖြစ်သည်။

"ပြောစမ်း ဘယ်သူလွှတ်လိုက်တာလဲ"

လီယွီဖုန်း၏မျက်လုံးထဲ၌ သွေးဆာနေသော အငွေ့အသက်များ ပြည့်လျှံနေသည်။

ပိုင်ယွီအား ထိခိုက်မှုအပေါ် အချည်းနှီးအဖြစ်မခံနိုင်ပေ။ လူတစ်ယောက်ချင်းစီ၏ သွေးကြွေးဖြင့်သာ ကျေနပ်နိုင်လိမ့်မည်။

"ဟုတ်ပါတယ် ဘုရင်မင်းမြတ်ပါ ငါက ပိုင်ယွီကို မသေစေချင်ပါဘူး ဘုရင်မင်းမြတ်က ပိုင်ယွီကို မော့ဖန်ဆီပို့ပေးဖို့ ငါ့ကိုပြောလာတာ ဒါကြောင့် ငါကသူ့ကိုလာခေါ်တာ ပိုင်ယွီက ပြတင်းပေါက်ကခုန်ချဖို့ ရွေးချယ်လိုက်မယ်လို့ ဘယ်သူကထင်မှာလဲ"

အမတ်ပိုင်၏စကားများက လီယွီဖုန်းအား ထိတ်လန့်သွားစေသည်။

ပိုင်ယွီသည် သူနှင့်ဝေးရာဖြစ်သော မော့ဖန်ထံလိုက်သွားမည်ဟု ပြောခဲ့သောနေ့အား မှတ်မိနေဆဲပင်။

ထိုအချိန်က သူအကြီးအကျယ် ဒေါသထွက်ခဲ့ရသည်။

သို့သော် ယခုမူ ပိုင်ယွီသည် မော့ဖန်နောက်လိုက်သွားမည့်အစား တိုက်ပေါ်မှခုန်ချ၍ သတ်သေရန်ရွေးချယ်လိမ့်မည်ဟု မမျှော်လင့်ခဲ့ပေ။

ထို့ကြောင့် ပိုင်ယွီသည် သူ့အားစိတ်ဆိုးနေခဲ့၍သာ ပြောခဲ့ပုံရပြီး အမြဲတစေ ချစ်နေခဲ့သူမှာ လီယွီဖုန်းဟူသော သူ့ကိုသာဖြစ်သည်။

လီယွီဖုန်းသည် အလွန်အမင်းနာကျင်စွာဖြင့် အော်ဟစ်နေမိသည်။

သူ၏အသံက ကမ္ဘာတစ်ခုလုံးအား ပဲ့တင်ထပ်သွားခဲ့ရသည်။

ကြောက်မက်ဖွယ်အင်အားတစ်ခု ထွက်ပေါ်လာခဲ့ပြီး ကြမ်းပြင်တစ်ခုလုံး သိမ့်သိမ့်တုန်နေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Donde viven las historias. Descúbrelo ahora