unicode
အပိုင်း(၈၉) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၂.၁)
"အဲ့လောက်တောင် အလျင်လိုနေတာလား"
ထိုအခါတွင်မှ ပိုင်ယွီသည်လဲ သူလုပ်နေမိသောအရာများကို သဘောပေါက်သွားခဲ့သည်။
'ဘုရားရေ အရမ်းရှက်ဖို့ကောင်းတာပဲ'
ရှဲ့ကျွင်းယန်ကို တွန်းလှဲလိုက်သည့်အပြင် ဓားပြတစ်ယောက်နှယ် အဝတ်များကိုပါ အကုန်ချွတ်နေသေးသည်။
ပိုင်ယွီ၏မျက်နှာမှာ နီရဲနေပြီး လုပ်လက်စအလုပ်များကိုလဲ ရပ်တန့်ပစ်လိုက်သည်။ ရုတ်ချည်းဆိုသလိုပင် ဘာလုပ်လို့လုပ်ရမှန်း မသိတော့ပေ။
တကယ်တမ်းတွင် သူသည် အလွန်ငြိမ်သက်ပြီး ရှက်တတ်ပါသော်လဲ ရှဲ့ကျွင်းယန်သာ စိတ်ဆိုးချင်စရာကောင်းအောင်လုပ်မနေပါက ယခုကဲ့သို့ အလွန်အကျွံအပြုအမူမျိုးကို လုပ်မိလိမ့်မည်မဟုတ်ပေ။
"ဘယ်...ဘယ်သူက ငါ့အဝတ်တွေချွတ်ပေးပါလို့ မင်းကိုပြောခဲ့လို့လဲ မင်းက စကားတွေလိုက်ပြောနေတော့ ငါက မင်းမလုပ်နိုင်ဘူးထင်ပြီး ဒီအတိုင်း စစ်ဆေးကြည့်ချင်ရုံပဲကို"
"အိုး..."
ရှဲ့ကျွင်းယန်၏မျက်လုံးအိမ်များက ရုတ်တရက်ကျဉ်းမြောင်းသွားပြီး ခန္ဓာကိုယ်အနှံ့မှလဲ အန္တရာယ်ရှိသောအငွေ့အသက်များ ထုတ်လွှတ်နေသည်။
လောကကြီးတွင် မစွမ်းနိုင်ဟု ဝန်ခံရန်ဆန္ဒရှိသော ယောကျာ်းတို့က မည်မျှရှိပါမည်နည်း။
ပိုင်ယွီ၏စကားများက သေလမ်းကိုရွေးလိုက်သလိုပင်။
ရှဲ့ကျွင်းယန်၏မျက်ဆံတို့က မည်းနက်လာပြီး အကြည့်တို့က ပိုမိုနက်မှောင်လာသည်။
"ကိုယ်က လုပ်နိုင်ပါတယ် မင်းလဲစမ်းသပ်ကြည့်ပြီးရင် သိသွားလိမ့်မယ်"
ရှဲ့ကျွင်းယန်သည် ပိုင်ယွီ၏နောက်ဘက်ကိုထိန်းကာ သူ၏အောက်သို့ဆွဲချလိုက်သည်။ စိတ်အားထက်သန်မှုတို့က အခန်းငယ်လေးထဲ၌ ချက်ချင်းတောက်လောင်လာပြီး အသံဗလံတို့ ထွက်လာကြသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️