unicode
အပိုင်း(၃၃) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၃.၂)
ဗိုက်နားသို့ လက်လှမ်းလိုက်ချိန်တွင်မူ အစောင့်သည် ပိုင်ယွီ၏လက်သီးဒဏ်ကြောင့် သတိလစ်သွားရသည်။
ဖယ်ရိုမုန်း၏ဖိနှိပ်မှုကို မခံစားရသဖြင့် ပိုင်ယွီသည် သူ၏လက်များကို ပျော်ရွှင်စွာပွတ်သပ်နေမိသည်။မဟုတ်ပါက အစောင့်၏ဖယ်ရိုမုန်းကြောင့် ဘာမှလုပ်နိုင်မည်မဟုတ်ပေ။
ထို့နောက်ပိုင်ယွီသည် အစောင့်၏အဝတ်များကို ယူဝတ်လိုက်သည်။
ရှောင်မီဟူ၏အော်သံက ရုတ်တရက်ပေါ်ထွက်လာသည်။
[Host ဘာလုပ်နေတာလဲ ဗီလိန်တွေ့သွားရင် အသတ်ခံရမှာနော်]ပိုင်ယွီသည် ရှောင်မီဟူ၏စကားကြောင့် ဆွံ့အသွားရသည်။ "ငါကိုယ်လုံးတီးဖြစ်နေတာကို မင်းမတွေ့ဘူးလား ဝတ်စရာလေးတောင် ရှာခွင့်မရှိဘူးလား"
ရှောင်မီဟူသည် ရှက်ကိုးရှက်ကန်းနှင့် ပြုံးပြလိုက်သည်။ ကံကောင်းထောက်မစွာဖြင့် သူထင်ထားသလို မ့ဖစ်ခဲ့ပေ။
ဗီလိန်သည် ပိုင်ယွီအား သူကိုယ်တိုင်မှလွဲ၍ အခြားလူမထိစေရဟု ကျိန်ဆိုထားသည်မဟုတ်ပါလော။
—
စာကြည့်ခန်းထဲ၌ လီယွီဖုန်း၏ရှေ့တွင် ထိုင်နေသောအမျိုးသားက လက်ဖက်ရည်တစ်ခွက်ငှဲ့ပေးလိုက်ကာ
"ယွီဖုန်း ဒီနေ့မင်းကိုကြည့်ရာတာ ပျော်နေသလိုပဲ"
"အင်း"
"ဒီနေ့အတွက် အထူးတလည်ပျော်ရွှင်စရာကိစ္စမျိုး ရှိနေလို့လား"
"ပစ္စည်းကောင်းလေးတစ်ခု ရထားလို့နေမှာပေါ့"
လီယွီဖုန်းသည် လက်ဖက်ရည်ခွက်ကိုယူကာ တစ်ငုံသောက်လိုက်သည်။ အကောင်ပေါက်လေးအကြောင်း တွေးလိုက်မိချိန်တွင် သူ၏မျက်လုံးအိမ်ထဲ၌ အပြုံးတစ်ပွင့် ထင်ဟပ်သွားလေသည်။အလုပ်ကိစ္စကြောင့်သာမဟုတ်ပါက ထိုအကောင်ပေါက်လေးအား မြေအောက်ခန်းထဲတွင် တစ်ယောက်ထဲပစ်ထားလိမ့်မည်မဟုတ်ပေ။
လီယွီဖုန်း၏အပြုံးက သူ့ရှေ့မှလူအား မသက်မသာဖြစ်စေသည်။
"ယွီဖုန်း အမတ်ပိုင်ရဲ့အိမ်တော်က ပိုင်မျိုးရိုးအိုမီဂါတစ်ယောက် မနက်ဖန်ကျရင် ဒီကိုရောက်လာတော့မယ် မင်းသူ့ကို ဘယ်လိုလုပ်မှာလဲ"
"သူနေချင်တယ် နေနိုင်တယ်ဆို နေပါစေ ငါတို့ဆီမှာ အခန်းလွတ်တွေ ရှိနေတာပဲ"
"ဒါပေမဲ့ သူက မင်းကိုစောင့်ကြည့်ဖို့ ဘုရင်မင်းမြတ်လွှတ်ထားတဲ့ နယ်ရုပ်လေ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️