unicode
အပိုင်း(၆၈) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၅.၂)
ယခုအခါတွင်မူ ရှစ်ယွင်ယီသည် အပျော်လွန်နေရုံသာမက ရှက်သွေးပင်ဖြာနေရသည်။ သူ၏မျက်လုံးများက တလက်လက်တောက်ပနေပြီး ပိုင်ယွီအား မလှုပ်မယှက်တမ်းကြည့်နေခဲ့သည်။
ထိုမျက်လုံးများ ဤသို့ပြောနေသလိုပင်။
"ကြားလား မင်းကြားလိုက်လား ကိုယ့်ရဲ့အကောင်ပေါက်လေးဖြစ်လာဖို့ဆိုတာ ဘယ်လောက်ခက်ခဲလိုက်သလဲ ဒါက ဂုဏ်သရေတစ်ပါးပဲ"
ပိုင်ယွီသည် မိုးကောင်းကင်ကြီးအား ကူရာမဲ့စွာမော့ကြည့်လိုက်ချိန်တွင် သူ၏အင်အားများပါ ဆုံးရှုံးသွားရသလို ခံစားနေရသည်။
ဘာကြောင့်များ ဒီလိုဉာဏ်ရည်နိမ့်ပါးတဲ့ပုဂ္ဂိုလ်နဲ့ အတူနေခဲ့မိပါလိမ့်....
မော့ယွင်၏စကားများကြောင့် သူ့အပေါ်ထားသော ရှစ်ယွင်၏သဘောထားသည်လဲ ပိုမိုကောင်းမွန်လာခဲ့သည်။ သို့ပါသော်လဲ ယခုအခါတွင် သူနှင့်ပိုင်ယွီအတွက် သီးသန့်နေရာလေးလိုအပ်နေသည်က ထင်ရှားလှသည်။ မော့ယွင်အား ထိုအရာလေးကို ဖျက်စီးခွင့်မပေးနိူင်ပါပေ။
"ကောင်းပြီး မင်းပြောချင်တာပြောလို့ပြီးရင် ထွက်သွားလို့ရပြီ"
ရှစ်ယွင်ယီသည် မော့ယွင်အပေါ်၌ ညှာတာစိတ်လုံးဝမရှိဘဲ ပြောသောစကားလုံးတို့ကအစ အလွန်အကျည်းတန်လှသည်။
မော့ယွင်နှာမှုတ်လိုက်ပြီးနောက် တိတ်တိတ်လေးတွေးနေမိသည်။
'ဒီလိုဉာဏ်ရည်မျိုးနဲ့များ ပိုင်ယွီကို ခေါ်ထားချင်သေးတယ် ဘာပဲပြောပြော မင်းတို့နှစ်ယောက်က ခွာပြဲမှာကျိန်းသေတယ်'
ထိုသို့တွေးနေရင်းမှ မော့ယွင်သည် ရှစ်ယွင်ယီအား မနှစ်မြို့စွာကြည့်ပြီးနောက် ခေါင်းကိုမော့ကာ တောင်ပံကိုဖြန့်၍ ပျံသန်းထွက်သွားလေသည်။
အနှောင့်အယှက်ပေးနေသော မော့ယွင်က အဝေးထွက်သွားပြီဖြစ်၍ နှောင့်ယှက်မည့်သူမရှိတော့ပေ
ရှစ်ယွင်ယီသည် ပိုင်ယွီအား ပျော်ရွှင်စွာလှည့်ကြည့်ပြီးနောက် ပိုင်ယွီ၏ရင်ခွင်ထဲသို့ ပျော်ပျော်ကြီးတိုးဝင်လိုက်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️