Arc 2.5(2)

4.2K 464 10
                                    

unicode

အပိုင်း(၃၅) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၅.၂)

လီယွီဖုန်း၏နှလုံးသားထဲ၌ အမျက်ဒေါသတို့က လှိုင်းထလာရသည်။

ဒီလိုလူတစ်ယောက်ကို ဘယ်လိုမျိုးကြောင့် နေခွင့်ပေးရမှာလဲ...။

အချိန်ကြာမြင့်စွာအနမ်းဖလှယ်ပြီးနောက် လီယွီဖုန်းသည် မျက်ရည်များပင်ဝဲကာ နီရဲနေသောပါးပြင်အစုံနှင့် ပိုင်ယွီအား လွှတ်ပေးလိုက်သည်။

ပိုင်ယွီကမူ လီယွီဖုန်းအား တောက်ပစွာပြုံးပြနေလေသည်။

"ဒါလင်..."

နဂိုအသံလေးက နူးညံ့ကာနှစ်လိုဖွယ်ရှိသဖြင့် ခေါ်သံလေးကလဲ နားဝင်ပီယံရှိသည်။ နူးညံ့သောကြောင်ပေါက်လေးသဖွယ် ချစ်စဖွယ်အကောင်ပေါက်လေးသည် လီယွီဖုန်း၏ရင်ခွင်ထဲ၌ တိုးဝှေ့နေလေသည်။

ပိုင်ယွီ၏အတွေးထဲ၌မူ အတော်လေးအလုပ်ကြိုးစားခဲ့သဖြင့် နှစ်သက်မှုရမှတ်ကလဲ တိုးလာသင့်သည်ဟု တွေးနေမိသည်။

ထို့ကြောင့် ရှောင်မီဟူအား စိတ်ထဲမှမေးလိုက်လေသည်။

"ရှောင်မီဟူ နှစ်သက်မှုက တိုးလာပြီလား"

[ဟင့်အင်း မတိုးလာတဲ့အပြင် ၂မှတ်ပါလျော့သွားသေးတယ်]

ပိုင်ယွီ မျက်မှောင်ကြုံ့လိုက်မိသည်။ ဗီလိန်၏ခံစားချက်က တိုးတက်လာပြီဟု ရှင်းရှင်းလင်းလင်း ခံစားရသည်မဟုတ်ပါလော။ ဗီလိန်၏ကိုယ်ပေါ် မှီထားချိန်၌လဲ တုံ့ပြန်မှုရခဲ့သေးသည်။

သို့သော် နှစ်သက်မှုက တိုးတက်မလာသည့်အပြင် လျော့ပါလျော့သွားသေးသည်။

ပိုင်ယွီ ပဟေဌိဖြစ်နေလေသည်။

ဘာကြောင့်များပါလိမ့်...။ ဗီလိန်က တကယ်တုံးအပြီး လက်ပေါက်ကပ်လိုက်တာ အရမ်းပဲ။ တကယ်ကို နားမလည်နိုင်တော့ဘူး။

[Host အဲ့တာတင်မကသေးပါဘူး စိတ်အမှောင်ဖုံးမှုကလဲ လိုက်တက်လာတာမို့ သတိထားပြီးနေသင့်ပါပြီ]

ရှောင်မီဟူ၏အသံထဲ၌ စိုးရိမ်မှုတို့က အပြည့်အဝပါဝင်နေသည်။

စကားသံဆုံးသွားချိန်၌ လီယွီဖုန်းသည် သူ၏လက်ကောက်ဝတ်အား ဆုပ်ကိုင်လိုက်သည်ကို ပိုင်ယွီတွေ့လိုက်ရသည်။ ထို့နောက် ထမင်းစားခန်းအပြင်ဘက်ဆီ ဆွဲခေါ်သွားလေသည်။

ပိုင်ယွီ မသိမသာမျက်မှောင်ကျုံ့လိုက်မိသည်။ သူ့နှလုံးသားထဲ၌လဲ သတိပေးသံများ ထွက်ပေါ်လာသည်။

ထို့ကြောင့် သတိထားပြီး မေးကြည့်လိုက်သည်။

"ဒါလင် ကျွန်တော့်ကို ဘယ်ခေါ်သွားမလို့လဲ"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now