unicode
အပိုင်း(၇၃) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၀.၂)
ပိုင်ယွီ သူ့ရှေ့မှလူအား တည်ငြိမ်စွာဖြင့်ကြည့်လိုက်ပြီး
"ငါ့ဆီကနေ ဘာလိုချင်တာလဲ"
မော့ယွင် အနည်းငယ်မျှအံ့သြသွားရသည်။ သို့ပါသော်လဲ ရှစ်ယွင်ယီသည် အခန်းပြင်၌ရှိနေသဖြင့် ပိုင်ယွီအား ဘာမှမလုပ်ရဲချေ။ ပိုင်ယွီက သူ့အတွေးကိုသိနေလိမ့်မည်ဟု မမျှော်လင့်ထားခဲ့ရုံသာဖြစ်သည်။ ထို့ကြောင့်သာ ပိုင်ယွီက ရှစ်ယွင်ယီအား မောင်းထုတ်ခဲ့ခြင်းပါလော။
မော့ယွင်က ပိုင်ယွီအား ပြုံးပြလိုက်သည်။ ဤရက်ပိုင်းတွင် ရှစ်ယွင်ယီအပေါ်ထားသော ပိုင်ယွီ၏သဘောထားကို သတိပြုမိခဲ့သည်။
ပိုင်ယွီသည် ရှစ်ယွင်ယီအား အလွန်မုန်းတီးနေပုံပင်။ ရှစ်ယွင်ယီထံမှထွက်သွားရန် သေကြောင်းပင်ကြံခဲ့သည်ဟု ကြားမိသည်။
ထို့ကြောင့်လဲ ရှစ်ယွင်ယီက ချော့မော့နေသည့်တိုင် မယိမ်းမယိုင်ဖြစ်နေခြင်းပင်။ တကယ်တမ်းတွင် သဘာဝကျကျစဉ်းစားကြည့်ပါက ဗန်ပိုင်းယားဟူသည် လူသားများအတွက် အလွန်ကြောက်မက်ဖွယ်ကောင်းသော ဖြစ်တည်မှုများဖြစ်သည်။ ဗန်ပိုင်းယားနှင့် ဆုံတွေ့ရသောလူသားတိုင်းက ထွက်ပြေးချင်နေလိမ့်မည်။
မော့ယွင်သည် ပိုင်ယွီအနားချဉ်းကပ်၍ တိုးတိုးလေးပြောလိုက်သည်။
"ပိုင်ယွီ ရှစ်ယွင်ယီကိုတိုက်ခိုက်ဖို့ ငါနဲ့ပူးပေါင်းချင်လား သူသေသွားပြီး မင်းလဲလွတ်လပ်မဲ့နည်းလမ်းမျိုး ငါ့မှာရှိတယ်"
"အဲ့လိုနည်းလမ်းရှိတာလား"
ပိုင်ယွီသည် မပွင့်တပွင့်ပြုံးကာ မော့ယွင်ကိုကြည့်နေပြီး သူ၏အကြည့်များထဲမှ ခံစားချက်တို့ကလဲ မသဲကွဲပေ။
ပိုင်ယွီစိတ်ဝင်စားသွားကြောင်း တွေ့လိုက်ရသောအခါ မော့ယွင်လဲ အားတက်လာသည်။
ပိုင်ယွီအတွက် သူနှင့်လာပူးပေါင်းခြင်းက အကောင်းဆုံးရွေးချယ်မှုဖြစ်ပြီး ပိုင်ယွီရောက်လာသည်နှင့် သူ့အတွက် မမျှော်လင့်ထားသောအကျိုးအမြတ်များစွာကို ရရှိလိမ့်မည်။
CZYTASZ
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️