unicode
အပိုင်း(၈၁) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၄.၁)
ပိုင်ယွီ့အပေါ် သူဘယ်လိုမျိုးသွေးအေးခဲ့သည်ကိုလဲ ရှဲ့ကျွင်းယန်သိသည်။ ဤအချိန်တွင် လူတစ်ယောက်ကသာ ပိုင်ယွီကို မိတ်လာဆက်ခဲ့လျှင် ပိုင်ယွီက ထိုသူကို စိတ်လည်သွားမည်လော။
ထိုသို့တော့ အဖြစ်မခံနိုင်ပါပေ။ ပိုင်ယွီအား သူ့အပိုင်ဖြစ်အောင် လုပ်ချင်သည်။စဉ်းစားနေရင်းမှ ရှဲ့ကျွင်းယန် လက်ဆန့်ထုတ်ကာ ပိုင်ယွီ၏ဆံပင်များကို ဖွဖွလေးပွတ်ပေးလိုက်သည်။ ပိုင်ယွီ၏ဆံပင်များက အလွန်ရှည်သည်။ အထူးသဖြင့် ရှေ့ဆံပင်များဆိုပါက ရှည်လွန်းသောကြောင့် မျက်နှာကိုပင် ဖုံးလုမတတ်ပင်။
ထိုသို့ရှည်လျားသောဆံပင်နှင့် မျက်မှန်ထူကြီးကြောင့်လဲ ပိုင်ယွီ၏မျက်နှာကို တစ်ခါမှမတွေ့ဖူးရခြင်းပင်။
လှပသောမျက်နှာလေးကို အခြားသူများအား မြင်သွား၍မရပါပေ။နောင်တစ်ကြိမ်မျက်မှောင်ကြုံ့လိုက်ချိန်၌ ရှဲ့ကျွင်းယန်၏မျက်ဆံများက ပိုမိုနက်မှောင်လာသည်။
"မျက်မှန်သွားပြင်ဖို့ ခေါ်သွားပေးမယ် မဟုတ်ရင် လမ်းကိုမြင်ရမှာမဟုတ်ဘူး"
"ဒါဆို ငါမျက်ကပ်မှန်လဲလိုက်မယ်လေ မကောင်းဘူးလား"
ပိုင်ယွီသည် မူလဇာတ်ကောင်၏ ရှေးကျသောဖက်ရှင်ကို လုံးဝမနှစ်သက်ပါချေ။ မျက်မှန်အထူက ဝိုင်ပုလင်းဖင်လောက်ရှိပြီး အဝိုင်းပုံစံကြီးကြောင့် တကယ်ကြည့်ရဆိုးသည်။သူ့အနေနှင့် ထိုမျက်မှန်ကိုတပ်ရန်အတွင် စိတ်ကူးကြည့်ဖို့ပင် မဖြစ်နိုင်ပေ။
သို့ပါသော်လဲ ရှဲ့ကျွင်းယန်ကမူ အသေအချာပြောလာသည်။
"မျက်ကပ်မှန်တပ်တာက မျက်လုံးအတွက်မကောင်းဘူး မျက်မှန်ကပဲကောင်းတယ် ခါတိုင်းလိုပုံစံနဲ့လဲ မင်းကကြည့်ကောင်းတယ်လို့ ငါထင်တယ်"
ပိုင်ယွီသည် ထိုသူအား သံသယအပြည့်နှင့် ကြည့်နေမိသည်။ ရှဲ့ကျွင်းယန်က သူ၏ပုလင်းဖင်လိုမျက်မှန်ကြီးကို သဘောကျသည်ဟု လုံးဝမခံစားခဲ့ရပေ။
"သွားရအောင်"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️