unicode
အပိုင်း(၈၄) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၇.၁)
ပိုင်ယွီ ပြုံးလိုက်မိသည်။ သူ့ရှေ့မှလူကိုကြည့်နေချိန်၌ သူ့နှလုံးသားက ပျားရည်ထဲနစ်မြုပ်သွားသလို ခံစားရသည်။
ထိုခံစားချက်က သူ့နှလုံးသားရေအိုင်ထဲသို့ ကျောက်ခဲလေးတစ်လုံးနှင့် ပစ်ပေါက်လိုက်သလိုပင်။ အချိန်အတော်ကြာသည်အထိ ခံစားချက်တို့က မတည်ငြိမ်ခဲ့ပေ။ လှိုင်းဂယက်တို့က အချိန်ကြာမြင့်စွာ ဘောင်ဘင်ခတ်နေဆဲပင်။
ဤကမ္ဘာမှဗီလိန်သည် အလွန်နူးညံ့ပြီး ဂရုစိုက်တတ်သည်။ပိုင်ယွီ၏မျက်လုံးများက အရည်ပျော်ကျလုမတတ် နူးညံ့နေသည်။ သူ့ဘက်မှ လက်ဦးမှုကိုယူကာ ရှဲ့ကျွင်းယန်၏လည်တိုင်ကိုဖက်၍ ဖြေးညှင်းစွာနမ်းရှိုက်လိုက်သည်။
သူ၏မျက်နှာထက်၌ အပြုံးတစ်ပွင့်က ဖြစ်တည်နေလေသည်။
နူးညံ့သောပိုင်ယွီ၏နှုတ်ခမ်းအစုံက ရှဲ့ကျွင်းယန်၏နှုတ်ခမ်းတို့အား ဖိကပ်သွားချိန်တွင် နူးညံ့ချိုမြိန်သောအထိအတွေ့က ရှဲ့ကျွင်းယန်ကို ထိတ်လန့်သွားစေသည်။ငယ်ရွယ်သောကောင်လေးတစ်ယောက်အတွက် ပထမဆုံးအကြိမ်အဖြစ် သဘောကျနေသောသူက နမ်းရှိုက်လာသောအခါ သူ့နှလုံးသားထဲမှ တုန်ရင်မှုက ပြောပြပင်မတတ်တော့ပေ။
ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား မီးတောက်နေသောမျက်လုံးအစုံနှင့်ကြည့်ကာ လက်မောင်းအစုံအား ချုပ်ကိုင်၍ နံရံ၌ဖိကပ်ပြီး ပြင်းပြစွာနမ်းရှိုက်တော့သည်။ပြင်းထန်စွာမြိုသိပ်ထားရသော အလိုဆန္ဒတို့က ချက်ချင်းပေါက်ကွဲထွက်လာသလိုပင်။
ပိုင်ယွီ၏ချိုမြိန်မှုက သူ့ကိုရူးသွပ်သွားစေသည်။
ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား အရူးတစ်ယောက်လို နမ်းရှိုက်နေပြီး ထိုကောင်လေးအား သူနှင့်တသားထဲဖြစ်စေရန်အတွက် မြိုချပစ်ချင်မိသည်။
အနမ်းတစ်ခုသာဖြစ်သော်လဲ ထိုအနမ်းကြောင့် မူးမေ့လဲတော့မလိုပင် ခံစားလာရသည်။ ပိုင်ယွီ၏အသက်ရှုသံများက ပိုမိုမြန်ဆန်လာပြီး သူ၏ရင်ဘတ်ထဲမှလေတို့က တစ်ဖက်လူကြောင့် လုံးဝဖယ်ထုတ်ခံလိုက်ပြီး မျက်လုံးအစုံမှာ မှိတ်ထားမိသည်။ အသိစိတ်ထဲ၌မူ ဘာမှမရှိတော့ဘဲ ဗလာကျင်းနေလေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️