unicode
အပိုင်း(၂၆) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၆)
ပိုင်ယွီ၏ပုံပန်းသဏ္ဍာန်သည် ပိန်ပါးဖျော့တော့ပြီး အားနည်းနေမှန်းသိသာသော်လဲ အနည်းငယ်မျှပင် တုံ့ဆိုင်းခြင်းမရှိဘဲ ဖြောင့်တန်းသောကိုယ်နေဟန်ထားဖြင့် လမ်းလျှောက်ထွက်သွားခဲ့သည်။
နံဘေးမှအိမ်တော်ထိန်းသည် စိတ်မကောင်းဖြစ်စွာဖြင့် ကြည့်နေမိသည်။ နှစ်ပေါင်းများစွာကြာခဲ့ပြီးချိန်တွင် သူတို့၏နျဲ့သခင်လေး၌ လက်ထပ်ခွင့်တောင်းရသည်အထိ မြတ်နိုးရသောလူတစ်ယောက် ရှိလာခဲ့ပြီဖြစ်ကာ ယခုအခါ၌ ပိုင်ယွီသည် သခင်လေး၏လက်တွဲဖော်မှန်း တစ်မြို့လုံးသိကြသည်။
အဘယ်ကြောင့်များ ဤကဲ့သို့ မောင်းထုတ်နိုင်ရပါသနည်း။
"သခင်လေး သူ့ကို ဘာလို့မတားတာလဲ.."
နျဲ့လင်းယွီသည် သည်းမခံနိုင်သောအခြေအနေတွင်ရောက်နေပြီဖြစ်သည်။ ပိုင်ယွီ့ထံမှ ပြီးစလွယ်ဆင်ခြေတစ်ခုကိုသာ လိုချင်ခဲ့သော်လဲ ဤသို့ထွက်သွားမည်ဟု မထင်ထားခဲ့ပေ။
ထိုအချိန်တွင် အိမ်တော်ထိန်းက ဝင်ပြောလိုက်သည့်အခါ နျဲ့လင်းယွီ ပို၍ပင်ဒေါသထွက်သွားရသည်။
"သူ့ဘာသာထွက်သွားချင်နေတာမလား ပေးသွားလိုက်စမ်းပါ ငါကတော့ ဘယ်တော့မှတားမှာမဟုတ်ဘူး"
နျဲ့လင်းယွီသည် ထိုနေရာ၌ခြေစုံရပ်ကာ ပိုင်ယွီအား ငေးကြည့်နေမိသည်။ ပိုင်ယွီကခြေတစ်လှမ်းလှမ်းလိုက်ချိန်တိုင်းတွင် သူ၏နှလုံးသားက ပိုနာကျင်လာရသည်။
သူ့ရင်ထဲ၌ ဒေါသအကြီးအကျယ်ထွက်နေခဲ့သော်လဲ သူ့ရှေ့မှထွက်ခွာသွားသည့် ပုံရိပ်လေးကြောင့် ဒေါသတို့ကလဲ တဖြေးဖြေးပြေပျောက်လာခဲ့သည်။
ပိုင်ယွီအနေနှင့် ဖြစ်ကတတ်ဆန်းဆင်ခြေတစ်ခါကို ထုတ်ပြောလာလျှင်ပင် သူလက်ခံလိုက်မိမည်ဟု မျှော်လင့်ထားခဲ့သည်။
သို့သော် ဘာမှဖြစ်မလာခဲ့သလို ပိုင်ယွီကလဲ မရပ်တန့်ခဲ့ပေ။
မြင်ကွင်းထဲမှ ပိုင်ယွီလုံးဝပျောက်သွားသည်အထိ နျဲ့လင်းယွီသည် လမ်းမအား ငေးကြည့်နေမိသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️