Arc 3.4(1)

2.8K 336 3
                                    

unicode

အပိုင်း(၅၇) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၄.၁)

"ယွီယွီ..."

ပိုင်ယွီ၏အကြည့်များက အနည်းငယ်ဝေဝါးလာသည်။ လက်ရှိတွင် ရောနှောနေသည့်အနေအထားဖြစ်သော်လဲ ရှစ်ယွင်ယီထံမှ လည်ပင်းကို အကိုက်ခံရသည်။

ထိုခံစားချက်သည် လည်ပင်းမှတဆင့် တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားသည်။ ပြောမပြနိုင်သော အချစ်လှိူင်းတို့က အပူလှိုင်းတစ်ခုနှယ် ရိုက်ခတ်လာသည်။

မြက်ခင်းပြင်ကျယ်ကြီး၌ရောက်နေပြီး တစ်ချိန်ထဲ၌ ပန်းတို့ကပါ ပွင့်လန်းနေသလို ခံစားရသည်။ လှပသောခံစားချက်က သူ့အားစွဲလန်းစေသည်။

"အွန်း..."

ပိုင်ယွီ မအောင့်နိုင်တော့ဘဲ အသံပြုလိုက်မိသည်။

ဤသို့ နှစ်ဆလှုံ့ဆော်မှုက ပိုင်ယွီအား သူ့ကိုယ်သူပင် မေ့သွားစေသည်။ ဦးရေပြားသာမက တစ်ကိုယ်လုံးထုံကျင်လာရသည်။

ကျူးကျော်ဝင်ရောက်မှုက ဆက်တိုက်ဖြစ်ပေါ်နေပြီး ရှစ်ယွင်ယီကမူ ပင်ပန်းရကောင်းမှန်းပင်မသိဘဲ ထိုခံစားချက်ကြောင့် ရူးသွပ်သွားသလိုပင်။

အဖန်တလဲလဲ လှုပ်ရှားနေလေသည်။

ပိုင်ယွီ ငိုချမိတော့မည်။

မည်မျှမှန်းမသိသောအကြိမ်၌ ပိုင်ယွီသည် ခေါင်းများပင်မူးဝေလာကာ အသိစိတ်ပါ လွတ်သွားရသည်။

ဘာကိုမှမသိတော့သော်လဲ သတိလွတ်သွားခါနီး၌ ရှောင်မီဟူ၏အသံကို ကြားလိုက်ရသည်။

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၁၀]

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၁၀]

[ဒင် ပစ်မှတ်ရဲ့နှစ်သက်မှု +၁၀]

......

ပျော်ရွှင်မှုအား ခံစားလိုက်ရပြီးနောက် ရှစ်ယွင်ယီသည် ရိုးတွင်းခြင်ဆီ၏အရသာကို သိသွားပြီဖြစ်၍ ပိုင်ယွီအား မနားတမ်းနှိပ်စက်ခဲ့သည်။

ထိုသို့လှပသောခံစားချက်က သူ့အားစွဲလန်းစေသည်။

[ပစ်မှတ်ရဲ့လက်ရှိနှစ်သက်မှု ၇၅%]

ဤအရူးလေး၏ နှစ်သက်မှုသည် ယခင်ကမ္ဘာမှ ဗီလိန်များထက် အဆမတန်ရက်ရောလွန်းလှသည်။

ပိုင်ယွီသည် သွားများကိုတင်းတင်းစေ့ကာ ပြုံးပြလိုက်ပြီး သူ၏ခါးကိုလဲ လက်နှစ်ဖက်နှင့် ထောက်ထားလိုက်သည်။ သူရှေ့မှပုဂ္ဂိုလ်ကမူ လုံးဝစိတ်ကျေနပ်နေလေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now