unicode
အပိုင်း(၉၀) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၃.၁)
စတိတ်စင်အောက်တွင် ရပ်နေသောစုန့်ယွီတစ်ယောက် အနည်းငယ်စိတ်ဓာတ်ကျမိသွားသည်။
အပြစ်ပေးခံရမည်ဖြစ်သော်လဲ စတိတ်ပေါ်တွင် မတ်မတ်ရပ်နေသော ရှဲ့ကျွင်းယန်ကိုကြည့်နေရင်းမှ ပိုင်ယွီသည် ထိုသူ့အပေါ်တွင်မှ တန်းတန်းစွဲဖြစ်နေသည်ကို ချက်ချင်းနားလည်သွားရသည်။ ထိုလူသားသည် သူ့ကို အမှန်တကယ်ပင် အရှက်ရစေသည်။
တကယ်တမ်းတွင် ပိုင်ယွီကိုဆွဲခေါ်သွားသော ရှဲ့ကျွင်းယန်ကိုကြည့်ပြီး နောက်ဆက်တွဲကိစ္စများကို စဉ်းစားခဲ့သည်။ သို့သော် သူမလုပ်ရဲပါပေ။
ရှဲ့ကျွင်းယန်ကမူ လုံးဝမတွန့်မဆုတ်ဘဲ လုပ်သွားခဲ့သည်။ အပြစ်ပေးခံရတော့မည်ဖြစ်သော်လဲ ရှဲ့ကျွင်းယန်၏မျက်နှာထက်တွင် စိတ်ပျက်လက်ပျက်ဖြစ်သွားသော အရိပ်အယောင်မျိုး လုံးဝမမြင်ရပေ။ နှုတ်ခမ်းတို့ကပင် ကွေးညွှတ်နေသေးသည်။
ထို၂ယောက်ကျခံရမည့်အပြစ်ဒဏ်သည် ကျောင်း၏အပြစ်ဒဏ်များထဲတွင် အပြင်းထန်ဆုံးပြစ်ဒဏ့်ဖစ်လိမ့်မည်။ သို့သော် တစိုးတစိမျှ မကြောက်ရွံ့နေခဲ့ပါပေ။
ရှဲ့ကျွင်းယန်သည် စတိတ်ပေါ်မှဆင်းလာပြီး ပိုင်ယွီရှိရာသို့ တစ်လှမ်းချင်းလျှောက်သွားခဲ့သည်။
"မင်းက တကယ်ရူးနေတာပဲ"
ပိုင်ယွီသည် ခေါင်းမော့၍ ရှဲ့ကျွင်းယန်၏နဖူးရှေ့တွင်ကျနေသည့် ရှုပ်ပွပွဆံပင်များကို ပြင်ပေးနေလေသည်။
သူ့နှလုံးသားထဲ၌မူ အနွေးစီးကြောင်းလေး စီးဆင်းနေသည်။ ဤကမ္ဘာမှဗီလိန်သည် ယခင်ဗီလိန်နှင့်မတူပါပေ။
ဗီလိန်အားလုံးသည် ချမ်းသာပြီး သြဇာရှိကာ အများနှင့်တစ်ယောက် ရပ်တည်နိုင်စွမ်းရှိသော်လဲ ဤကမ္ဘာမှဗီလိန်သည် ကျောင်းသားအရွယ်သာရှိသေးသည်။ သို့သော် သူ့လိုမိုက်မဲ၍မရပေ။
သူသည် ဤကမ္ဘာမှလူမဟုတ်သဖြင့် ဤကမ္ဘာမှစည်းမျဉ်းများကလဲ သက်ရောက်မှုမရှိ အဓိပ္ပါယ်မရှိသလို ခြိမ်းခြောက်မှုလေးကိုပင် မခံစားရပေ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasíaပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️