Arc 3.14(1)

2.5K 260 2
                                    

unicode

အပိုင်း(၆၇) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၄.၁)

ဇောချွေးပြန်နေသောမျက်နှာနှင့် ဆရာဝန်က ရှစ်ယွင်ယီအား ကြည့်နေခဲ့သည်။

သူသည် ပိုင်ယွီအား သေချာစစ်ဆေးခဲ့ပြီးဖြစ်ကာ ပိုင်ယွီမေ့လဲသွားရခြင်းသည် အားနည်းလွန်းနေသောခန္ဓာကိုယ်ကြောင့်ဖြစ်သော်လဲ ဤဗန်ပိုင်းယားကမူ စိတ်လှုပ်ရှားလွန်သောကြောင့်ဟု အခိုင်အမာ ပြောနေလေသည်။

ထိုသူက အသေအချာပြောနေသောကြောင့် ဆရာဝန်ခမျာ အမှန်တိုင်းမပြောရဲတော့ပေ။

"ဟုတ်ပါတယ် သူက အရမ်းစိတ်လှုပ်ရှားသွားတာပါ ကျွန်တော်သူ့ကို အားဆေးသွင်းပေးခဲ့တာကြောင့် သိပ်မကြာခင် သက်သာသွားမှာပါ"

"ကောင်းပြီ"

ရှစ်ယွင်ယီသည် ခေါင်းတဆတ်ဆတ်ငြိမ့်နေခဲ့သည်။ ထို့နောက် အခေါင်းတွင်း၌ထိုင်နေသော ပိုင်ယွီကိုတွေ့လိုက်ရသောအခါ သူ၏မျက်နှာထက်၌ အပြုံးတစ်ပွင့် ဖြစ်တည်လာခဲ့သည်။

ပိုင်ယွီမေ့လဲသွားခဲ့စဉ်က သူ့စိတ်ထဲတွင် အမှန်တကယ်ကြောက်လန့်နေခဲ့သည်။

"ပိုင်ယွီ နေကောင်းရဲ့လား ဒီမှာ ကိုယ်ပြောပြမယ် မင်းကိုပြန်ခေါ်လာပြီး ကိုယ့်ရဲ့အကောင်ပေါက်လေးအဖြစ် ထားပေးမဲ့ဆို ကျိန်းသေပေါက်မင်းဝမ်းသာသွားမယ်ဆိုတာသိပေမဲ့ အပျော်လွန်ပြီး ဒီလောက်ထိဖြစ်ကုန်မယ်လို့ မမျှော်လင့်ထားခဲ့ဘူး"

ရှစ်ယွင်ယီသည် ပိုင်ယွီ၏လက်ကိုဆွဲ၍ ထိုလက်လေးအား သူ၏လက်ဖြင့် ဖွဖွပွတ်ပေးနေခဲ့သည်။

ရှစ်ယွင်ယီ၏အမြင်အရမူ ထိုလူသားလေး၏ကိုယ်ခန္ဓာသည် အလွန်အားနည်းပြီး နှလုံးကလဲ အားနည်းသည်။ စကားလုံးအနည်းငယ်မျှနှင့်ပင် စိတ်လှုပ်ရှားလွန်းပြီး မေ့လဲသည်အထိဖြစ်ရသောကြောင့် သူ့အနေနှင့် အမှန်တကယ်ပင် ကောင်းကောင်းကာကွယ်ပေးချင်မိသည်။

ပိုင်ယွီ သူ့ရှေ့မှလူအား တိတ်ဆိတ်စွာကြည့်နေမိသည်။ သူ့အနေနှင့် ပြန်မနိုးထလာနိုင်တော့လျှင်ပင် ပိုကောင်းလိမ့်မည်ဟု ခံစားမိလာခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now