unicode
အပိုင်း(၆၀) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၇.၂)
မော့ယွင်သည် လေထုထဲမှ ပိုင်ယွီ၏သွေးရနံ့ကို ရှုရှိုက်ခဲ့ဖူးပြီးဖြစ်ကာ သွေးရနံ့မှာ သူ့အား လုံးဝအံ့အားသင့်စေခဲ့သည်။ ထိုသွေးအား မသောက်လိုက်ရသည့်အတွက် များစွာယူကြုံးမရဖြစ်ရသည်။
ထိုသို့သွေးမျိုးအား အနံ့ရဖူးလိုက်ပြီးနောက် ယူနီကွန်းသွေးများကပင် မော့ယွင်အား မဆွဲဆောင်နိုင်တော့ပေ။
မော့ယွင်သည် ရှစ်ယွင်ယီအား ဒေါသတကြီးနှင့် ကြည့်နေလေသည်။ သူ့အားမောင်းထုတ်လိုက်ပြီးနောက် ရှစ်ယွင်ယီသည် ပိုင်ယီ၏သွေးကို သောက်မသောက်စောင့်ကြည့်ရန်အတွက် ထွက်ပြေးသွားဟန်ဆောင်ခဲ့သည်။ အကျိုးနည်းရှစ်ယွင်ယီသည် လွန်စွာကပ်စေးနည်းလွန်းပြီး သူ့အားအနည်းငယ်မျှပင် မဝေမျှချင်ခဲ့ပေ။ သို့ပါသော်လဲ ရှစ်ယွင်ယီသည် ထိုလူသား၏သွေးကို ကုန်အောင်မသောက်ဘဲ လွှတ်ချလိုက်သည်။ သူ့အနေနှင့် အပြေးသွား၍ သွေးစုပ်ယူနိုင်ပါသော်လဲ မဝံ့ရဲပြန်ပေ။
ရှစ်ယွင်ယီ၏အကြည့်များထဲ၌ ထိုမျှအထိပြင်းထန်သော သတ်ဖြတ်ချင်စိတ်ကို ပထမဆုံးအကြိမ်အနေနှင့် တွေ့ခဲ့ဖူးခြင်းဖြစ်သည်။ သို့သော် အရသာရှိသောအစားအသောက်ဖြစ်၍ ပစ်ထားကာထွက်သွားရန်လဲ တွန့်ဆုတ်နေမိပြန်သည်။
မလှမ်းမကမ်းအမှောင်ထုထဲ၌ ချောင်းကြည့်နေခဲ့စဉ် အဖြစ်အပျက်အားလုံးကို တွေ့ခဲ့ရသလို ကြားခဲ့ရသည်များလဲရှိသည်။ မြို့နေလူထုသည် ပိုင်ယွီအား မီးရှို့သတ်မည့်အကြောင်း ပြောဆိုနေသည်ကိုလဲ ကြားခဲ့ရသည်။
ထိုအကြောင်းတွေးမိလေလေ မသောက်လိုက်ရသောသွေးအတွက် မချင့်မရဲပိုဖြစ်လာလေလေပင်။ ရှစ်ယွင်ယီအား ကြည့်နေသောအကြည့်များထဲ၌ မကျေမနပ်မှုတို့က ပိုမိုပြင်းထန်လာသည်။
"ဘာလို့ငါ့ကိုစိုက်ကြည့်နေတာလဲ"
ရှစ်ယွင်ယီသည် လက်ထဲမှဖန်ခွက်ကိုမြှောက်၍ သွေးတစ်ငုံ့သောက်လိုက်သည်။ အနံ့မရှိ အရသာကင်းမဲ့နေသောသွေးက သူ၏ဒေါသကို ပိုဆွပေးလိုက်သလိုပင်။
"ဟွန့်..."
မော့ယွင်သာ် ထိုသူအား ဒေါသတကြီးနှင့် ကြည့်လိုက်ပြီးနောက် မဆိုင်းမတွဆိုလာခဲ့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️