Arc 1.12

5.2K 559 2
                                    

unicode

အပိုင်း(၁၂) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၁၂)

နျဲ့လင်းယွီ ဘာမှမတုံ့ပြန်နိုင်ခင် ပိုင်ယွီက သူ၏လည်ပင်းကိုချိတ်တွဲပြီး နူးညံ့ချိုမြိန်သောနှုတ်ခမ်းအစုံက သူ၏နှုတ်ခမ်းအား အသိပေးခြင်းမရှိ ထိကပ်လာသည်။

နျဲ့လင်းယွီသည် နဂိုက ပိုင်ယွီအား ဆေးရုံပို့ပေးချင်ခဲ့သော်လဲ ပိုင်ယွီ၏အနမ်းကြောင့် အသိစိတ်လွတ်သွားသည်။

အလွန်အမင်းဆွဲဆောင်မှုရှိသည့် သူ့ရှေ့ရှိကောင်လေးထံမှ နို့နံ့သင်းသင်းလေးထွက်ပေါ်လာပြီး သူမခုခံနိုင်သော အနမ်းတစ်ပွင့်ကပါ ဆက်ပါလာသည်။

နျဲ့လင်းယွီသည် သူ့ကိုယ်သူမထိန်းချုပ်နိုင်တော့ဘဲ ပိုင်ယွီ၏ခေါင်းလေးကို ထိန်းကိုင်ပြီး မက်မက်မောမောနမ်းရှိုက်မိတော့သည်။

မူလကတည်းက ပိုင်ယွီသည် နျဲ့လင်းယွီ၏နှလုံးသားထဲမှ မြတ်နိုးရသူဖြစ်သည်။

ပိုင်ယွီအတွက်မူ နျဲ့လင်းယွီအား အသုံးချချင်ရုံသက်သက် ဖြစ်ခဲ့ပါသော်လဲ ယခုအခါတွင်မူ ကိုယ်တိုင်ကပါ ချစ်မိသွားပုံပင်။

ထိုအခိုက်အတန့်၌ သူ၏ရင်ခွင်ထဲမှ နူးညံ့သောခန္ဓာကိုယ်လေး၊ ချိူမြိန်သောရနံ့၊ နှုတ်ခမ်းလွှာတို့အကြားမှ ဝင်သက်ထွက်သက်တို့က သူ့ကိုရူးသွပ်စေသည်။ တစ်ကိုယ်လုံး၌ ထိန်းချုပ်နိုင်စွမ်း မရှိတော့သော်လဲ

"ရှောင်ယွီ..."

နျဲ့လင်းယွီ၏အသံက အလွန်အမင်းတိုးလျနေပြီး "လိမ္မာပါတယ် ကိုယ်မင်းကို ဆေးရုံခေါ်သွားပေးမယ်နော်"

"လင်းယွီ ငါ...ငါ ဆေးရုံမသွားချင်ဘူးလို့"

ပိုင်ယွီ၏မျက်ခုံးများက မသက်မသာဖြစ်မှုကြောင်ြ တွန့်ကွေးနေပြီး ပယင်းရောင်မျက်ဝန်းအစုံ၌ မျက်ရည်တို့ရစ်ဝိုင်းနေသည်။ "ငါအရမ်း..နေမကောင်းဖြစ်နေတာမို့ ငါ့ကိုကူညီပေးပါ ဟုတ်ပြီလား..."

ပိုင်ယွီ၏စကားများကို ကြားလိုက်ရသော နျဲ့လင်းယွီသည် ခေါင်းထဲ၌ ပေါက်ကွဲသံကျယ်ကြီးကို ကြားလိုက်ရသည်။ သူလုံးဝတွေးမထားမိသောအရာပေ။ ဤအခေါက်တွင် ထပ်ငြင်းပယ်လိုက်ပါက ယောကျာ်းတစ်ယောက် ဖြစ်ပါဦးမည်လော။

နှစ်ဦးသားက မီးလျှံနှင့်မိုးကြိုးတို့ပမာ သွယ်ယှက်သွားလေသည်။
......

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now