unicode
အပိုင်း(၈၇) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ်၁၀.၂)
ထိုအချိန်တွင် ရှဲ့ကျွင်းယန်၏အသံ ထွက်ပေါ်လာသည်။
"ငါက မင်းနဲ့တွဲပြီးသရုပ်ဆောင်မယ်လို့ ပြောမိလို့လား"
ရှဲ့ကျွင်းယန်သည် သူ့ရှေ့မှလူကို မထိတထိနှင့် လက်ပိုက်ကြည့်နေပြီး သူ၏မျက်နှာထက်၌ လှောင်ပြောင်လိုဟန်အပြည့်ပင်။
"ဒါပေမဲ့ အခုလေးတင်ပဲ နင်သဘောတူခဲ့တာလေ"
ကျောင်းပန်းလေး၏မျက်နှာက ချက်ချင်းပျက်ယွင်းသွားသည်။ ရုတ်တရုက်ဆိုသလို ရင်ထဲ၌ မကောင်းသောနိမိတ်ရလာသည်။
"ငါပြောတာက ပိုင်ယွီနဲ့တွဲချင်တယ်လို့ပြောတာ နင်နဲ့က ဘာလုပ်ရမှာလဲ"
ရှဲ့ကျွင်းယန်သည် ကျောင်းပန်းလေးအား အေးစက်စက်နှင့်ကြည့်နေခဲ့သည်။ လှပသောမိန်းကလေးတစ်ယောက်က ရှေ့တွင်ရပ်နေသည့်တိုင် ရှဲ့ကျွင်းယန်က နှစ်သက်သောပုံစံ တစ်ချက်မပြပေ။
ရှဲ့ကျွင်းယန်၏စကားအဆုံး၌ မြင်ကွင်းက ရုတ်ရုတ်သဲသဲဖြစ်သွားသည်။ မမျှော်လင့်ထားသော အပြောင်းအလဲပင် မဟုတ်ပါလော။
"ရှဲ့ကျွင်းယန်က ဘာဖြစ်နေတာလဲ ကျောင်းပန်းလေးကို အရှက်ကွဲအောင်လုပ်နေတာလား"
"သူကရော စုန့်ယွီလို အဆိပ်မိလာတာလား သူကရော ပိုင်ယွီကို ချစ်နေတာလား"
"ဘာအဓိပ္ပါယ်မရှိတာတွေ ပြောနေတာလဲ"
ကျောင်းပန်းလေး၏မျက်နှာက ဖြူဖျော့နေရာမှ ရဲတွတ်လာသည်။ သူမ၏အတွေးတွင်မူ ရှဲ့ကျွင်းယန်က သူမကို အရှက်ခွဲနေခြင်းသာဖြစ်သည်။ သူမနှင့်ပူးပေါင်းမည့်အစား ပိုင်ယွီကိုရွေးချယ်လိုက်သည်။
"ရှဲ့ကျွင်းယန် ဘာကြောင့်ဒီလိုလုပ်ရတာလဲ"
စကားအဆုံး၌ ဝမ်းနည်းမှုကြောင့် ကောင်မလေး၏မျက်လုံးများက နီရဲလာပြီး မျက်ရည်များပါ ကျဆင်းလာသည်မှာ အချိန်မရွေး လဲပြိုကျသွားတော့မလိုပင်။
သူမ၏ပုံစံမှာ အလွန်သနားစရာကောင်းလှသဖြင့် ကနဦးက ဇာတ်လိုက်နေရာကို ဦးယူထားသောကောင်လေး၏ အကာအကွယ်ပေးလိုစိတ်တို့က မြင့်တက်လာခဲ့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️