Arc 2.2

5K 496 3
                                    

unicode

အပိုင်း(၃၂) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂)

ထိုအိုမီဂါသေးသေးလေးက ဤသို့ကြောက်မက်ဖွယ်အပြုအမူကိုလုပ်လိုက်မည်ဟု မထင်ထားသဖြင့် ကားရှေ့ခန်းတွင်ထိုင်နေသော ယာဉ်မောင်းမှာ တစ်ကိုယ်လုံးအေးစက်သွားရသည်။

'ဘုရားသခင် ဒီကလေးမှာ ဝက်ဝံနှလုံးသားနဲ့ ကျားသစ်သည်းခြေကို မြိုချထားတာများလား အင်ပါယာရဲ့ ဗိုလ်ချုပ် မစ္စတာလီယွီဖုန်းကို ဘယ်လိုလုပ်ပြီး နမ်းရဲရတာလဲ'

ယာဉ်မောင်း၏နှလုံးခုန်နှုန်းက ရပ်တန့်လုလုပင်။

ဗိုလ်ချုပ်လီအား ဆွဲဆောင်ချင်ခဲ့သော နောက်ဆုံးသောအိုမီဂါလေးကို အင်ပါယာမှမောင်းထုတ်လိုက်ခဲ့ပုံများအား သူမှတ်မိနေပါသေးသည်။

ဗိုလ်ချုပ်လီသည် အိုမီဂါတို့အား မုန်းတီးသည်ကို လူတိုင်းသိကြသည်။ အချိုမြိန်ဆုံး အိုမီဂါလေးများသည်ပင် ဗိုလ်ချုပ်၏အမြင်၌ အရိုးချောင်းများသာဖြစ်သည်။

အပေါ့ပါးဆုံးအထိအတွေ့ကပင် သူ့ကိုရွံရှာစေသည်။ ယခုအိုမီဂါလေးကမူ သွားထိရုံသာမက အတင်းဖိနမ်းလိုက်သေးသည်။

သေလမ်းကို ရွေးလိုက်သလိုပင်။ ယာဉ်မောင်းသည် ထိုကလေး၏ကြေကွဲဖွယ်ဇာတ်သိမ်းကိုသာ မြင်ယောင်နေမိသည်။

ထောင်ထဲတွင် အကျဉ်းချခံရကာ ကြေကွဲဖွယ်ဘဝကို စတင်ရပေတော့မည်။

ယာဉ်မောင်းသည် ခေါင်းကိုလှည့်၍ လီယွီဖုန်းထံ လှည့်ကြည့်လိုက်မိချိန်တွင် ကြောက်မက်ဖွယ်ကောင်းလောက်အောင် မွန်းကျပ်နေသောခံစားချက်တို့က ကောင်းကင်ယံကိုပင် ဖုံးလွှွှမ်းသွားမတတ်ပင်။ သူ၏ခြေထောက်များပင် ပျော့ခွေသွားရသည်။

သူကိုယ်တိုင်သည်လဲ အယ်လ်ဖာတစ်ယောက်ဖြစ်နေသည့်တိုင် လီယွီဖုန်းရှေ့၌မူ သူ၏ဖယ်ရိုမုန်းများက မှေးမှိန်သွားသည်။

လီယွီဖုန်း၏မျက်ဆံများက ကျဉ်းမြောင်းနေခဲ့ပြီးနောက် သူ့အား မှုန်မှုန်မှိုင်းမှိုင်းနှင့် ကြည့်လာလေသည်။

နောက်ထပ်မောင်းထုတ်သံတစ်ခွန်း ထပ်ထွက်လာခဲ့သည်။

သို့သော် ဤအခေါက်တွင်မူ အိုမီဂါလေးကို မောင်းထုတ်နေခြင်းမဟုတ်ဘဲ သူ့အတွက်သာဖြစ်ကြောင်း သိသာလှသည်။

ယာဉ်မောင်းသည် ကြောက်လန့်တကြားနှင့် တံခါးကိုဖွင့်ကာ ကားပေါ်မှပြေးဆင်းသွားသည်။

တံခါးပိတ်သွားပြီးနောက် အသက်ရှုကျပ်နေသော ယာဉ်မောင်းသည် မြေကြီးပေါ်လဲကျလုလုပင်။

အင်အားပြင်းဖယ်ရိုမုန်းများမှ လွတ်မြောက်လာသောအခါ အသက်ရှင်သန်နိုင်ပြီဟု ခံစားလာရသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now