Arc 4.16(2)

1.7K 145 0
                                    

unicode

အပိုင်း(၉၃) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၆.၂)

ပိုင်ယွီအား ဤနေရာမှခေါ်ထုတ်သွားရန်အတွက် ရှဲ့ကျွင်းယန်မစောင့်ဆိုင်းနိုင်တော့ပေ။

လက်ရှိအနေအထားတွင် ပိုင်ယွီသည် လူတိုင်း၏အာရုံစိုက်ခြင်းကို ခံနေရသဖြင့် ရှဲ့ကျွင်းယန်သည် အလွန်အမင်းစိတ်မသက်မသာဖြစ်နေရသည်။

မရှေးမနှောင်းမှာပင် စာပေနှင့်အနုပညာကော်မတီဝင်၏အသံက ထွက်ပေါ်လာလေသည်။

"ပိုင်ယွီ အလျင်မလိုစမ်းပါနဲ့ ဒီကိုလာ မင်းရဲ့ဆံပင်ပုံစံကို ငါပြန်ပြင်ပေးမယ်"

ကော်မတီဝင်၏မိသားစုသည် ဆံသဆိုင်ဖွင့်ထားပြီး အားလပ်ချိန်များတွင် ကူပေးတတ်သဖြင့် အခြေခံဆံပင်ညှပ်နည်းများက သူ့အတွက်စာမဖွဲ့လောက်ပေ။

သူ့မျက်လုံးထဲ၌ ပိုင်ယွီ၏လက်ရှိပုံစံလေးကလဲ အလွန်ကြည့်ကောင်းပါသည်။ သို့သော် ရှည်လျားလွန်းသောရှေ့ဆံပင်ကြီးက ပိုင်ယွီ၏ပုံစံကို သက်ရောက်မှုရှိသည်။

ရှေ့မှဆံမြိတ်ကြီးသာ မဖုံးကွယ်ထားပါလျှင် ပိုင်ယွီသည် စိတ်ကူးဖြင့်ပုံဖော်ကြည့်၍မရနိုင်လောက်သည်အထိ အလွန်အမင်း ချောမောနေလိမ့်မည်။

ထိုအကြောင်းတွေးမိရုံနဲ့တင် စာပေနှင့်အနုပညာကော်မတီဝင်သည် ဆံပင်ညှပ်ပေးရန်အတွက် အားတက်သရောဖြစ်လာသည်။

ပိုင်ယွီသည်လဲ ကော်မတီဝင်၏စကားကို ကြားလိုက်ရချိန်၌ အလွန်စိတ်ဝင်စားသွားခဲ့သည်။ သူ၏ရှေ့ဆံမြိတ်ကြီးက အလွန်ရှည်နေပြီး ညှပ်ပစ်ချင်နေခဲ့သည်မှာ အတော်ကြာပြီဖြစ်သည်။ ထိုဆံပင်ကြီးနှင့် နေ့တိုင်းရုန်းကန်ရသည်မှာ သူ့အတွက် လုံးဝခက်ခဲပါသည်။

ပိုင်ယွီကမူ အတွေးထဲနစ်မြောနေသည်။ မူလဇာတ်ကောင်၏အမြင်အာရုံ ဆိုးရွားသွားရခြင်းမှာ ဤဆံပင်ရှည်ကြီးများကြောင့်ဖြစ်နိုင်သည်။

သို့သော် ရှဲ့ကျွင်းယန်ကို အားကိုးတကြီးနှင့်ကြည့်လိုက်သည်။ ရှဲ့ကျွင်းယန်သည် သူ့ကိုထုတ်မပြချင်မှန်း ပိုင်ယွီနားလည်ပါသည်။ ထို့ကြောင့်လဲ ကျောင်းတက်ချိန်တိုင်း ဆံမြိတ်ရှည်ကြီးကိုချကာ မျက်မှန်ထူကြီးကို တပ်ထားရခြင်းဖြစ်သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now