unicode
အပိုင်း(၇၈) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁.၂)
သို့သော် သူ့စကားအဆုံး၌ ပိုင်ယွီက ပြုံးပြနေသည်ကို တွေ့လိုက်ရသည်။
မျက်မှန်မရှိတော့သောအခါ ပိုင်ယွီ၏သလင်းသဖွယ်ကြည်လင်သော မျက်လုံးအစုံက ထွက်ပေါ်လာသည်။
ပိုင်ယွီက မျက်လုံးများကို လှုပ်ရှားလိုက်သောအခါ ထိုမျက်ဝန်းအစုံသည် စိုရွှန်းနေသော စပျစ်သီးကြီးများနှယ် တောက်တောက်ပပဖြစ်နေသည်။
ရှည်လျားသောဆံပင်များကို နားနောက်၌ညှပ်ထားလိုက်သောအခါ သိမ်မွေ့လှပသောမျက်နှာလေးက ရှဲ့ကျွင်းယန်၏မျက်လုံးထဲ တိုးဝင်လာသည်။
လူငယ်လေး၏လှပသောမျက်နှာထက်တွင် ဖြောင့်စင်းသောနှာတံမြင့်မြင့်က နေရာယူထားပြီး နီနီဖူးဖူးနှုတ်ခမ်းလေးက ဆွတ်ခူးရန်စောင့်ဆိုင်းနေသော ချယ်ရီသီးမှည့်လေးနှင့်တူသည်။
သူ၏ရင်ဘတ်မှကြယ်သီးများက ဆွဲဖြုတ်ခံထားရသောကြောင့် အင်္ကျီကော်လံများက ဖရိုဖရဲဖြစ်နေပြီး နူးညံ့ဖြူဖွေးသောညှပ်ရိုးလေးကို လှစ်ဟာပြထားသလိုဖြစ်စေသည်။
ရှဲ့ကျွင်းယန် အံ့သြသွားပြီး မျက်ဆံများပင် ပြူးကျယ်သွားရသည်။ အသက်ရှုသံကိုပင် ထိန်းထားမိသည်။
သူနှင့်ပိုင်ယွီသည် နှစ်ပေါင်းများစွာသိခဲ့ကြသူများဖြစ်ပြီး နေ့တိုင်းအတူတူ သွားလာနေကြသော်လဲ ပိုင်ယွီသည် ဤသို့အရွယ်ရောက်လာမည်ဟု မသိခဲ့ပေ။
လှပသောထိုမျက်နှာလေးက သူစိတ်ကူးထားသည်ထက် ကျော်လွန်နေသည်။
အသိစိတ်တို့က တဒင်္ဂမျှ အေးခဲသွာရသည်။
ပိုင်ယွီက အရမ်းလှတာပဲ...
တကယ်တမ်းတွင် မူလဇာတ်ကောင်သည် ရုပ်မဆိုးပါပေ။ သို့သော် မျက်မှန်ထူကြီးတပ်ထားပြီး ရှည်လျားသောဆံမြိတ်က မျက်နှာကိုကွယ်ထားသဖြင့် ညစ်ပတ်သလိုဖြစ်နေသည်။
ထို့ကြောင့် ပထမဆုံးတွေ့ရသူအဖို့ ကြည့်လိုက်ရုံနှင့် ရုပ်ဆိုးသည်ဟုထင်ရသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️