unicode
အပိုင်း(၃၇) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၇ ၂)
အားလုံးက အချင်းချင်းကြည့်နေကြပြီး လီယွီဖုန်းအားလဲ အကဲခတ်နေကြသည်။ စစ်ဦးစီးချုပ်သည် စွန့်ပစ်ထားပြီးသားအိုမီဂါအား အဘယ်ကြောင့်ပြန်လိုချင်နေရပါသနည်း။
သို့သော် မည်သူကမှ အသံမထွက်ရဲသလို မိမိအသက်ကိုအလေးထားသဖြင့် မေးခွန်းလဲမပြုဝံ့ပေ။
ပြင်းထန်သောဖိအားက သူတို့၏နဖူးမှ ချွေးစေးများပင်ကျလာစေသည်။ ကြီးမားလေးလံသောသံတုံးကြီးအား ကျောပေါ်တင်ထားရသကဲ့သို့ ခါးကိုပင်မမတ်ရဲပေ။ဤသည်က အင်ပါယာမှ အကြီးမြတ်ဆုံးအယ်လ်ဖာ၏ စွမ်းအားဖြစ်သည်။ ဖယ်ရိုမုန်း၏ဖိအားနှင့်တင် အားလုံးကို နာခံလာစေရန် တတ်စွမ်းနိုင်သည်။
အဆုံးသတ်၌ လီယွီဖုန်းသည် လက်ထဲမှလူသေအား အမှိုက်သဖွယ် ပစ်ချလိုက်သည်။
သူ၏အကြည့်များက ကုတင်ပေါ်တွင်သာ သံမှိုစွဲနေခဲ့သည်။
ပိုင်ယွီသည် ဘောလုံးလေးသဖွယ် ကျုံ့ကျုံ့လေးကွေးထားပြီး မျက်ရည်များစီးကျနေလေသည်။သူ၏ဘဝ၌ ဤမျှအထိ ကူရာကယ်ရာမဲ့ခဲ့ခြင်းမျိုး မဖြစ်ခဲ့ဖူးသလို သူ၏နှလုံးသားကလဲ စိတ်ပျက်အားငယ်မှုများနှင့် ပြည့်နှက်နေလေသည်။
သူ၏မျက်လုံးများထဲတွင် နာကျင်မှုများ ကြေကွဲမှုများကို မြင်နေရသည်။
လီယွီဖုန်းသည် ကုတင်နားလျှောက်သွားပြီး လက်ကိုဆန့်ကာ ပိုင်ယွီ၏လက်မောင်းကို ထိလိုက်သည်။ သို့သော် သူထိလိုက်သည်နှင့် ပိုင်ယွီသည် ကြောက်မက်ဖွယ်ရာတစ်စုံတစ်ရာအား ထိတွေ့လိုက်ရသကဲ့သို့ ရုန်းကန်တော့သည်။
လီယွီဖုန်း မသိမသာမျက်မှောင်ကျုံ့လိုက်မိသည်။ သူ့အားပွေ့ဖက်၍ ဒါလင်ဟုခေါ်တတ်သူမှာ ယခုအခါတွင်မူ သူ့အား အလွန်တရာကြောက်လန့်နေပြီဖြစ်သည်။
သို့သော် လက်ရှိအနေအထားတွင် ပိုင်ယွီအား နှစ်သိမ့်ရန် အချိန်မရသေးပေ။
လီယွီဖုန်းသည် ပိုင်ယွီ၏လက်မောင်းအား တင်းကြပ်စွာဆုပ်ကိုင်၍ ကုတင်ပေါ်မှ ပွေ့ယူလိုက်သည်။
တံခါးဝဆီ လှမ်းလျှောက်သွားလေသည်။
တံခါးဝမှ ထွက်လာသောလီယွီဖုန်းအား တွေ့လိုက်ရသောအခါ အားလုံးက ရိုသေစွာဖြင့် ဦးညွှတ်ကြလေသည်။
လီယွီဖုန်းသည် အခန်းထဲမှလူများကို တစ်ချက်ဝေ့ကြည့်ပြီးနောက် အေးစက်စက်စကားသံတစ်သံ ထွက်ပေါ်လာလေသည်။
"အကုန်လုံးကို လက်စဖျောက်လိုက် ဘာမှမကျန်ခဲ့စေနဲ့"
-
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️