unicode
အပိုင်း(၂၅) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၅)
"ကိုယ့်ကို လက်မထပ်ချင်သေးဘူးလား"
နျဲ့လင်းယွီ၏လက်များက ပိုင်ယွီ၏ကိုယ်ပေါ်တွင် နေရာယူထားပြီး ပိုင်ယွီအားစိုက်ကြည့်နေသော ထိုသူ၏မျက်ဝန်းထဲ၌ ဝမ်းနည်းမှုတို့ကပြည့်နှက်နေသည်။
နောက်ဆုံးလက်ထပ်ခွင့်တောင်းခဲ့သည်က လွန်ခဲ့သောလဝက်ခန့်ကဖြစ်ပြီး နောက်ပိုင်းနေ့ရက်များတွင် အရာအားလုံးက အစစအရာရာကောင်းမွန် အဆင်ပြေခဲ့သည်။
သို့သော် ပိုင်ယွီက လက်ထပ်ရန်ငြင်းနေဆဲဖြစ်ပြီး အကြောင်းရင်းကို သူနားမလည်နိုင်ပေ။
ပါးစပ်ပိတ်ထားပြီး အသံပင်မထွက်လာသော သူ့ရှေ့မှလူကိုကြည့်ပြီး နျဲ့လင်းယွီ၏နှလုံးသားက စတင်ဒေါသထွက်လာသည်။ ပိုင်ယွီ၏ခေါင်းကိုထိန်းကိုင်ကာ နှုတ်ခမ်းတို့အား ဖိနမ်းလိုက်သည်။ ထိုသူအား သူ့အပိုင်အဖြစ်သိမ်းယူရန် မစောင့်နိုင်တော့ပေ။
ပိုင်ယွီသည် သူနှင့်နမ်းနိုင်ပြီး အဆုံးစွန်ထိ နီးကပ်သောဆက်ဆံရေးအထိ သွားနိုင်သည်။ သို့သော် လက်ထပ်ရန်ငြင်းနေဆဲပင်။
နျဲ့လင်းယွီ၏နှလုံးသားထဲ၌ မလိုလားမှုတို့ ပြည့်နှက်လာသည်။ ဤကမ္ဘာတွင် သူအလိုချင်ဆုံးမှာ ထိုလူသားလေးဖြစ်ပြီး ထိုလူသားလေးကသာ သူ့ကိုအိပ်မက်များပင် မက်စေသည်။
သို့သော် သူ၏အပိုင်အဖြစ် အပြည့်အဝမရလာသေးေ ပ။
"ဘာကြောင့်လဲ ကိုယ့်ကိုလက်မထပ်နိုင်တဲ့အကြောင်း ပြောပြပါလား"
ပိုင်ယွီသည် သူ့ရှေ့မှလူကိုပြုံးပြပြီးနောက် လက်ဆန့်တန်းကာ ထိုသူအား သူ၏ရင်ခွင်ထဲ ဆွဲသွင်းလိုက်သည်။
စကားသံတို့ထွက်မလာသော်လဲ သူ၏စိတ်ထဲ၌ တီးတိုးပြောနေမိသည်။ 'အရူးရဲ့ ငါတို့လက်ထပ်လိုက်တာနဲ့ မင်းကိုထားခဲ့ပြီး ထွက်သွားရမှာမို့လို့ပေါ့...'
နျဲ့လင်းယွီကမူ ပိုင်ယွီအားနမ်းရှိုက်ကာ ကလဲ့စားချေရန် ပြင်ဆင်ခဲ့သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️