unicode
အပိုင်း(၃၉) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၉.၂)
လီယွီဖုန်း၏မျက်နှာက အနည်းငယ်ညိုမှိုင်းသွားကာ ထိုင်နေရာမှ ထရပ်လိုက်ပြီး "အန်းယွီ ပိုင်ယွီက ဘုရင်မင်းမြတ်ရဲ့လူမို့ အပြင်ပန်းမှာတော့ ကောင်းကောင်းကိုင်တွယ်သင့်တယ်မလား"
အန်းယွီ၏နှလုံးသားက စတင်အေးစက်လာသည်။
လီယွီဖုန်းသည် မည်သည့်အချိန်မှစ၍ ဘုရင်မင်းမြတ်အား ကြောက်ရွံ့သွားရပါသနည်း။ ထိုစကားလုံးတို့က ဆင်ခြေတစ်ခုသာဖြစ်ကြောင်း သိသာလှသည်။
အန်းယွီက လက်သီးအား ကျစ်ကျစ်ပါအောင်ဆုပ်၍ "ယွီဖုန်း အဲ့လိုရွံ့ရှာစက်ဆုပ်ဖို့ကောင်းတဲ့ သူလျှိုကောင်ကို မင်းတကယ်မသတ်ချင်ဘူးဆိုရင်တောင် မင်းရဲ့အဖေက ဘယ်လိုသေသွားရသလဲဆိုတာ မမေ့လိုက်ပါနဲ့"
စားပွဲပေါ်မှ အရာအားလုံးက ချက်ချင်းပြန့်ကျဲသွားရသည်။ အန်းယွီ၏စကားများက လီယွီဖုန်းကို အရှိုက်ထိသွားစေခဲ့သည်။
သူ၏ဖခင်သည် သူလျှိုများကြောင့် သေဆုံးခဲ့ရသည်။ အယုံကြည်ရဆုံးနောက်လိုက်မှ သစ္စာဖောက်ခဲ့သဖြင့် တစ်မိသားစုလုံး ကြေကွဲဖွယ်ဇာတ်သိမ်းခဲ့ရသည်။ အန်းယွီ၏အဖေကသာ မကယ်ထားပေးပါလျှင် သူသည်လဲ သေဆုံးခဲ့ရလိမ့်မည်။
ထို့ကြောင့်လဲ နှစ်ပေါင်းများစွာကြာလာပြီးချိန်၌ လီယွီဖုန်းသည် အန်းယွီအား ပိုမိုယုံကြည်လာပြီး ညီငယ်လေးတစ်ယောက်သဖွယ် ဆက်ဆံပေးခဲ့သည်။ "ယွီဖုန်း မ၈်းမလုပ်နိုင်ဘူးဆို ငါကူညီပေးမယ်"
အန်းယွီ၏မျက်လုံးထဲ၌ အမုန်းတရားတို့က ပြည့်နှက်နေသည်။ ပိုင်ယွီရောက်လာသည်က ၂ရက်သာရှိသေးသော်လဲ လီယွီဖုန်းကမူ ကာလရှည်ကြာအကျင့်ပါနေခဲ့သော သတိတရားတို့ကအစ ပြောင်းလဲသွားခဲ့သည်။ ဤသည်က ထိုက်တန်ပါ၏လော။
ပိုင်ယွီအား ချက်ချင်းရှင်းလင်းကာ ပိုနေမြဲကျားနေမြဲဖြစ်အောင် ကြိုးစားရမည်။
အန်းယွီ၏စကားလုံးများက ထိုကိစ္စအတွက် အစဖော်ထားပြီးသားဖြစ်သည့်တိုင် လီယွီဖုန်းကမူ ခေါင်းမာစွာဖြင့် တစ်ခွန်းထဲသာပြောခဲ့သည်။
"မင်းဘာမှလုပ်စရာမလိုဘူး ငါ့အတွေးနဲ့ငါရှိပြီးသား"တံခါးရွက်တို့က ပြန်ပွင့်လာခဲ့သည်။
လီယွီဖုန်းသည် မှုန်မိုင်းနေသောမျက်နှာထားနှင့် ပိုင်ယွီ၏ရှေ့တွင် ရပ်နေလေသည်။
ပိုင်ယွီသည် ဒူးကိုပိုက်၍ထိုင်နေပြီး အမူအရာမဲ့စွာဖြင့် ကြည့်နေလေသည်။ သူ့ရှေ့မှလူသားတွင် မည်သည့်ကိစ္စများဖြစ်ခဲ့သည်ဟု မသိရသော်ငြား တစ်ကိုယ်လုံးက အလွန်အမင်းအေးစက်နေသည်။
"မင်း..."
BINABASA MO ANG
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️