Arc 2.4(2)

4.4K 475 0
                                    

unicode

အပိုင်း(၃၄) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၄.၂)

ဗိုလ်ချုပ်လီဒေါသထွက်သွားကြောင်း လူတိုင်းနားလည်လိုက်သည်။

အရမ်းဆိုးဆိုးရွားရွားပဲ။

ပြင်းထန်လှသော လူသတ်ချင်စိတ်တို့က လီယွီဖုန်း၏တစ်ကိုယ်လုံးမှ ထွက်ပေါ်နေသော်လဲ ပိုင်ယွီက မခံစားရသည့်နှယ် ရင်ခွင်ထဲတိုးဝင်ကာ ဖက်ထားဆဲပင်။ သူ၏ခေါင်းလေးနှင့်ပင် တိုးဝှေ့နေသေးသည်။

"ဒါလင် ကျွန်တော့်ကိုတွေ့လိုက်ရတော့ အရမ်းပျော်နေမှာပေါ့"

လီယွီဖုန်းသည် မျက်မှောင်တင်းတင်းကြုံ့ကာ ထိုသူအားတွန်းထုတ်ရန်ပြင်လိုက်သော်လဲ ချိုမြမြချယ်ရီရနံ့လေးကို ရှုရှိုက်လိုက်မိသည်။

လီယွီဖုန်း အံ့သြသွားရသည်။

သူ့မျက်လုံးထဲ၌ အပြုံးရိပ်သန်းသွားလေသည်။

အကောင်ပေါက်လေးပဲ...။

ပြင်းထန်သောဖယ်ရိုမုန်းတို့က တဖြေးဖြေးလျော့ပါးလာပြီး လီယွီဖုန်းသည် သူ၏ရင်ခွင်ထဲမှကောင်လေးကိုကြည့်ကာ "လွှတ်ပေး"

"မလွှတ်ဘူး ဖက်ထားချင်တာ"

ပိုင်ယွီသည် ခေါင်းမော့၍ လီယွီဖုန်းအား ပြုံးုပြလိုက်ပြီး နှုတ်ခမ်းဖျားကိုပင် နမ်းလိုက်သေးသည်။

"ဒါလင် ကျွန်တော် အရမ်းလွမ်းနေခဲ့တာ"

"တကယ်လား"

လီယွီဖုန်း၏အကြည့်ထဲ၌ သရော်နေမှုများ ပါဝင်လေသည်။ ဘုရင်မင်းမြတ်သည် ထိုအကောင်လေးအား စပိုင်လုပ်ခိုင်းမည်ဟု သူမထင်ထားခဲ့ပေ။

ခံစားချက်ကို အလွယ်တကူ ထုတ်ပြတတ်တဲ့ဒီလူမျိုးက ဘုရင်မင်းမြတ်ရဲ့လူဆိုတာ ကျိန်းသေတာပေါ့။ ဒီလိုလူမျိုးက သူ့ရဲ့အားနည်းချက်တစ်ခု ဘယ်လိုဖြစ်နိုင်မှာလဲ"

လီယွီဖုန်း၏မျက်လုံးအိမ်က မသိမသာကျဉ်းမြောင်းသွားရသည်။

အကောင်ပေါက်လေးကို သေခိုင်းပစ်ကြမည့်ပုံပင်။


အန်းယွီသည် သူ့ရှေ့မှမြင်ကွင်းကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေမိသည်။ လီယွီဖုန်းသည် အိုမီဂါများအားမုန်းတီးသည်ကို အားလုံးထက် သူပိုသိသည်။ သို့သော် ပိုင်မျိုးရိုးအိုမီဂါကိုမူ အဘယ်ကြောင့် မတွန်းထုတ်ပစ်ရပါသနည်း။ ရင်ခွင်ထဲတွင်ပင် နေခွင့်ပေးထားသေးသည်။

အန်းယွီ၏နှလုံးသားထဲ၌ ပြောပြ၍ပင်မတတ်နိုင်တော့သည်အထိ မနာလိုမှုများ ဖြစ်လာရသည်။ "ယွီဖုန်း အဲ့ကောင်လေးက.."

အန်းယွီက တိုင်တန်းချင်ပါသော်လဲ ပိုင်ယွီက ကြားဖြတ်ငြင်းလိုက်သည်။ "ဒါလင် ကျွန်တော်အိမ်တော်ကိုရောက်တော့ အိမ်တော်ထိန်းအန်းက ဒီလိုမျိုး ဒူးထောက်ပြီး အရိုအသေပေးတော့တာပဲ ကျွန်တော်ဖြင့် အရမ်းကိုအားနာမိတာပဲ အိမ်တော်ထိန်းကို ကောင်းကောင်းဆုချရမယ်နော်ဒါလင်"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now