unicode
အပိုင်း(၆၆) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၃.၁)
မည်သို့ပင်ဖြစ်စေ လူသားတို့သည် ဗန်ပိုင်းယားတို့၏စားစရာဖြစ်ခဲ့သည်က အဦးအစထဲကဖြစ်သည်။ ထိုအကြောင်းအရာသည် လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက ရှိနေခဲ့ခြင်းဖြစ်ပြီး တခဏလေးအတွင်း ပြောင်းလဲသွားမည့်အရာမဟုတ်ပေ။
သို့သော် ပိုင်ယွီ၏စကားကို ကြားလိုက်ရချိန်တွင် သူ့နှလုံးသားထဲ၌ လွန်စွာမသက်မသာဖြစ်နေမှုကို ရှစ်ယွင်ယီခံစားရသည်။ပိုင်ယွီအား ခေါ်လာခဲ့ခြင်းမှာ သွေးစုပ်လိုလဲ မဟုတ်ပေ။ သူဆန္ဒရှိသောအရာကို သူကိုယ်တိုင်လဲနားမလည်ပေ။ သူသိသည်မှာ ပိုင်ယွီအား သူ့နံဘေးတွင် ခေါ်ထားချင်ရုံသာဖြစ်သည်။
ပိုင်ယွီက ဆက်ပြောလာသည်။
"ရှစ်ယွင်ယီ ငါမင်းကို တစ်ကြိမ်ကယ်ခဲ့ဖူးတယ် အခုမင်းက ငါ့ကိုပြန်ကယ်ခဲ့တယ် ဒါကြောင့် နှစ်ယောက်သား အပြန်အလှန်ကျေသွားပြီလို့ စဉ်းစားနိုင်တယ် အခုချိန်ကစပြီး ငါ့ကိုမဆက်သွယ်ပါနဲ့တော့"ရှစ်ယွင်ယီ၏မျက်လုံးများက ရုတ်တရက်ပြူးကျယ်သွားရသည်။
မဆက်သွယ်ရဘူး...
ဘယ်လိုဖြစ်နိုင်မှာလဲ...ဤသို့ဖြစ်လာမည်ကို တွေးခဲ့ဖူးပါသော်လဲ ပိုင်ယွီ၏ပါးစပ်မှ ထွက်လာချိန်တွင်မူ လုံးဝယုတ္တိမရှိသလို ခံစားရသည်။
"ငါ့ကို စားစရာလိုဆက်ဆံတာကိုလဲ မလိုချင်ဘူး ကျွန်တစ်ယောက်လို့ သတ်မှတ်ခံတာကိုလဲ မလိုချင်..."
ပိုင်ယွီ၏ပါးစပ်က ပိတ်ဆို့ခံလိုက်ရသည်။
ရှစ်ယွင်ယီသည် သူ၏ခန္ဓာကိုယ်အား တင်းတင်းပွေ့ဖက်၍ နှုတ်ခမ်းတို့အား နမ်းရှိုက်နေခဲ့သည်။ရှစ်ယွင်ယီ စိတ်ဖောက်ပြန်နေခဲ့စဉ်က သူတို့၂ဦးသည် အကြိမ်ရေမည်မျှအထိ နမ်းခဲ့ဖူးပါသနည်း။
အနမ်းသည် လွန်စွာပညာသားပါနေပြီး နူးညံ့သောအနမ်း၌ ရယူလိုမှုတို့ အပြည့်အဝပါဝင်သည်။ပိုင်ယွီ၏ဝင်သက်ထွက်သက်တို့က တစ်စုံတစ်ယောက်၏ လုယူခြင်းကိုခံလိုက်ရသည်။ အထက်အောက်အပြန်အလှန် ရွေ့လျားနေသော နှုတ်ခမ်းတို့နှင့်အတူ အသက်ရှုသံတို့ကပါ မြန်ဆန်လာခဲ့သည်။
ရှစ်ယွင်ယီ၏နှလုံးသားထဲ၌ ပြောမပြနိုင်သော လိုအင်ဆန္ဒများဖြင့် ပြည့်နှက်နေသည်။
ထိုလူသားလေးသည် အမှန်တကယ်ချိုမြိန်လှသည်။
သွေး၏ချိုမြိန်ခြင်းမဟုတ်ဘဲ လူကိုယ်တိုင်က ချိုမြိန်နေခြင်းပင်။
ထိုကောင်လေးအား ဤကဲ့သို့ပင် တစ်သက်လုံးဖက်ထားချင်မိသည်။ လုံးဝမခွဲခွာလိုတော့ပါချေ။
အသံတိုးတိုးလေးတစ်သံက ပိုင်ယွီ၏နားထဲ တိုးဝင်လာခဲ့သည်။
"ရှောင်ယွီ ကိုယ်မင်းကို စားစရာလိုရော ကျွန်တစ်ယောက်လိုရော ဘယ်တော့မှမသတ်မှတ် မဆက်ဆံတော့ပါဘူး ဒါကြောင့် ဒီတစ်ကြိမ်တော့ ကိုယ်နဲ့အတူ အိမ်ပြန်လိုက်ပေးမလား"
BINABASA MO ANG
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️