Arc 1.8

5.7K 631 1
                                    

unicode

အပိုင်း(၈) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၈)


နျဲ့လင်းယွီ၏ကိုယ်ပေါ်ရှိ အဆီအနှစ်တို့ကို အားရအောင်သုတ်ယူလိုက်ပြီးနောက် ပိုင်ယွီကျေနပ်သွားသည်။

ဗီလိန်၏ပုံစံက သူ၏စိတ်ကူးယဉ်ပုံရိပ်ဖြစ်ပြီး ကြည့်နေရရုံနဲ့တင် သဘောကျမိသည်။

အတွင်းကျကျ ပက်သတ်မှုကတော့ ပြောစရာတောင်မလိုဘူး။ သူနဲ့စောစောအိပ်ရဖို့ ငါမျှော်လင့်မိတယ်။

ထိုသို့အနေအထားရောက်သွားသည့်တိုင် နျဲ့လင်းယွီသည် တုန့်ဆိုင်းမှုမရှိဘဲ ပိုင်ယွီကို လွှတ်ပေးလိုက်သည်။

နျဲ့လင်းယွီ၏မျက်လုံးအစုံက အရှေ့တည့်တည့်မှလူကို စိုက်ကြည့်နေသည်။ အမူအရာမဲ့နေသောမျက်လုံးများထဲ၌ နူးညံ့မှုသဲ့သဲ့က တည်ရှိနေလေသည်။

"ထပြီး မနက်စာစားရအောင် မင်းအကြိုက်ဆုံးကိုချက်ပေးဖို့ ကိုယ် မီးဖိုဆောင်ကိုပြောထားတယ်"

နျဲ့လင်းယွီသည် အိပ်ရာမှထ၍ ပိုင်ယွီ၏အဝတ်များကို ကူဝတ်ပေးကာ ကြယ်သီးများပင် သေချာတပ်ပေးလိုက်သေးသည်။

တစ်ဖက်လူ၏ ဖြူစင်သောအပြုအမူ၌ ပိုင်ယွီထအော်လုမိမတတ်ပင်။

သူဘာတွေများ ဖြစ်သွားတာလဲဟ...။

ပိုင်ယွီသည် အားအင်ချိနဲ့စွာဖြင့် ရှောင်မီဟူကိုသာ မေးလိုက်သည်။

"ရှောင်မီဟူ သူက အဲ့တာကို မလုပ်နိုင်တော့ဘူးထင်လား"

ပိုင်ယွီသည် နျဲ့လင်းယွီအား ကိုယ်ချင်းစာစိတ်အပြည့်နှင့်ကြည့်ပြီး သူ့အတွေးနှင့်သူ ခေါင်းတငြိမ့်ငြိမ့်ဖြစ်နေသည်။

သူကအရမ်းတက်ကြွနေပေမဲ့ တဖက်လူက ဘာမှမဖြစ်သေးဘူး။

ဒီနေရာအတွက်မဟုတ်ရင် သူကဘာကို ထိန်းထားတာရတာလဲ။

ရှောင်မီဟူ၏အဖြေကိုစောင့်နေရင်းမှ ပိုင်ယွီတစ်ယောက်ထဲ စကားပြောနေမိသည်။

"ဟေး ဗီလိန်မှာ ဒီလောက်အားနည်းချက်ကြီးကြီးမားမားတော့ ရှိမယ်မထင်ပါဘူး ငါတကယ်ပဲ ဆဲချင်လာပြီ"

"ထားလိုက်ပါလေ ဗီလိန်ကမစွမ်းရင်တောင် ငါကသူ့ကိုကြိုက်အောင် ကြိုးစားရဦးမှာပဲ"

[Host ဘာတွေတွေးနေတာလဲ သူကဗီလိန်နော် ဘာလို့မစွမ်းရမှာလဲ]

ရှောင်မီဟူက ပိုင်ယွီကိုအလေးပြုလိုက်ပြီး [ကျွန်တော်ကျိန်ရဲတယ် ဗီလိန်က အရမ်းအင်အားကြီးမှာ]

"ဟွန့်"

ပိုင်ယွီသည် Systemအပါအဝင် ဘာကိုမျှ အာရုံမထားတော့ပေ။

အခန်းထဲမှထွက်သွားသော နျဲ့လင်းယွီအားတွေ့လိုက်ရသောအခါ ပိုင်ယွီလဲဆေးကြော၍ အခန်းထဲမှထွက်လာခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now