unicode
အပိုင်း(၉၉) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၂.၂)
လိင်တူချစ်ခင်ခြင်းသည် ယနေ့ခေတ်တွင် မထူးဆန်းတော့သော်လဲ အများသောအားဖြင့် ဤအခြေအနေမျိုးကို ဖုံးကွယ်ထားလေ့ရှိကြသည်။ ရှဲ့ကျွင်းယန်ကဲ့သို့ အထက်တန်းစားမျိုးဆိုပါက မည်သို့ဖြစ်သွားပါမည်နည်း။
သူတို့၏ရှေ့မှလူ၂ယောက်သည် အလွန်လိုက်ဖက်ပြီး နဂါးနှင့်ဇာမဏီသဖွယ် ဖြစ်တည်မှုမျိုးဖြစ်သော်လဲ လိင်တူစိတ်ဝင်စားခြင်းက မှားယွင်းနေသည်။
လူတိုင်းက ရှဲ့ကျွင်းယန်၏မိဘများကို ကြည့်နေလေသည်။
ထိုသူများက မည်သို့တွေးနေကြမည်ကို မည်သူမှမသိပေ။
ကျောင်းပန်းလေး၏ရင်ထဲ၌မူ ဂုဏ်ဆာမှုအပြည့်ပင်။
ရှဲ့ကျွင်းယန်၏မိခင်က ကန့်ကွက်မည်ကို သူမသေချာသိသည်။ ထူးချွန်လှသောသားဖြစ်သူက ယောကျာ်းတစ်ယောက်နှင့် အတူရှိနေသည်။ ထိုကိစ္စမျိုးက ချမ်းသာသောမိသားစုတွင်မဆိုထားဘိ သာမန်မိသားစု၌ပင် လက် ခံရန်ခက်ခဲသည်။
သို့ပါသော်လဲ ရှဲ့ကျွင်းယန်မိခင်၏မျက်နှာမှာ မပျက်ယွင်းသွားရုံမက အပြုံးကပါ ပို၍ထင်ရှားလာသည်။
"၂ယောက်အတူရှိနေတာက တကယ်ကောင်းတာပဲ ရှောင်ယွီအတွက် စားစရာတွေသွားပို့ပေးဖို့ ကျွင်းယန်ကို အမြဲခိုင်းနေရတာက အလကားမဖြစ်သွားဘူးပဲ"
ရှဲ့ကျွင်းယန်မိခင်၏စကားအဆုံး၌ လူတိုင်းထိတ်လန့်သွားသည်။ သူမသည် ဤမျှအထိပွင့်လင်းမည်ဟု မထင်မိခဲ့ပေ။
သားဖြစ်သူက ယောကျာ်းတစ်ယောက်နှင့် ချစ်ကြိုက်နေသည်ကို သဘောတူပေးရုံမက ထိုဇာတ်လမ်းအား သူမ၏လက်နှင့်ပင် ရေးခဲ့သေးသည်။
ရှဲ့ကျွင်းယန်၏ဖခင်ကမူ သက်ပြင်းအသာချလိုက်သည်။
"တွဲနေတယ်ဆိုမှတော့ သူ့ကိုကောင်းကောင်းဆက်ဆံနော်"
ရှဲ့ကျွင်းယန်က ခေါင်းငြိမ့်ပြသည်။
"ဒါပေါ့ ကျွန်တော်နားလည်ပါတယ်"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️