Arc 2.20(2)

4K 344 6
                                    

unicode

အပိုင်း(၅၀) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂၀.၂)

မော့ဖန်ပြောခဲ့သည်မှာ လီယွီဖုန်းအား မေ့မြောအောင်လုပ်ပြီးနောက် ပိုင်ယွီနှင့်အတူ နန်းတော်သို့ပို့ခိုင်းခဲ့သည်။ ထို့နောက်တွင် သူနှင့်လီယွီဖုန်းအား ဘုရင်မင်းမြတ်မှ လက်ထပ်ပေးလိမ့်မည်ဟုဆိုသည်။

အန်းယွီသည် အရူးတစ်ယောက်ဖြစ်မနေခြင်းက ဝမ်းနည်းစရာပင်။ ဘုရင်မင်းမြတ်သည် လီယွီဖုန်းကို လွန်စွာမနှစ်မြို့ပေ။ ထို့ကြောင့် ဤအခွင့်အရေးရသွားပါက မသတ်ဘဲနေလိမ့်မည်မဟုတ်ပေ။

အန်းယွီသည် ပိုင်ယွီကိုသာ မုန်းတီးပြီး ပိုင်ယွီကိုသာ မောင်းထုတ်ပစ်ချင်သည်။

ထို့ကြောင့် လီယွီဖုန်းအား ဘုရင့်လက်ထဲမအပ်နိုင်သလို ပိုင်ယွီကိုလဲ မော့ဖန်လက်ထဲ မထည့်ပေးနိုင်ပေ။ ပိုင်ယွီလိုလူမျိုးသည် ထောင်ထဲ၌ သေသည်အထိ ကစားခံရသင့်သည်။ အထက်တန်းစားတို့၏ နှစ်သက်မှုကို မရသင့်ပေ။

အန်းယွီ၏မျက်လုံးများထဲ၌ အခိုးအငွေ့များပြည့်နှက်နေသည်။ သူသည် လီယွီဖုန်းနောက်လျှောက်သွား၍ ခါးကိုသိုင်းဖက်ကာ ကျယ်ပြန့်သောပခုံးကို ခေါင်းမှီတင်လိုက်သည်။

"ယွီဖုန်း ငါမင်းကို အရမ်းသဘောကျတာပါ မင်းကတော့ ဘယ်ကြောင့်များ အခြားလူကို သွားချစ်ရတာလဲ အခုဆို ငါက ပိုင်ယွီကို ဖယ်ထုတ်ပစ်တော့မှာမို့ သူလဲ ဒီကမ္ဘာကနေ ပျောက်ကွယ်သွားရတော့မယ် ပြောစမ်းပါဦး မင်းနိုးလာတဲ့အခါ အောက်တန်းစားထောင်သားတွေလက်ထဲ ကစားခံနေရတဲ့ အပျက်ကောင်ကိုတွေ့ပြီးရင် သူ့ကို အလိုရှိပါဦးမလားလို့ပေါ့"

အန်းယွီ၏အမြင်၌မူ လီယွီဖုန်းသည် ပိုင်ယွီ၏ရုပ်ရည်ကို သဘောကျခြင်းဟုထင်သည်။

အကယ်၍ ပိုင်ယွီကသာ ရုပ်ပျက်ဆင်းပျက်ဖြစ်နေလျှင် လီယွီဖုန်းသည်လဲ ကြည့်ချင်တော့မည်မဟုတ်။ ထိုအခါတွင် သူ့အပိုင်ဖြစ်လာလိမ့်မည်။

သို့သော် ထိုအချိန်တွင် အေးစက်သောလီယွီဖုန်း၏အသံက ထွက်ပေါ်လာသည်။

"အန်းယွီ မင်းရဲ့စိတ်က ဒီလောက်ညစ်ပတ်လိမ့်မယ်လို့ ငါမထင်ထားခဲ့ဘူး ငါမင်းကို အမြဲတမ်းယုံကြည်ခဲ့တာ"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now