Arc 2.21(1)

4K 356 4
                                    

unicode

အပိုင်း(၅၁) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂၁.၁)

လီယွီဖုန်းသည် ပိုင်ယွီအားဖက်ထားပြီး သူ၏လက်များနှင့် နားရွက်ကိုအုပ်ပေးလိုက်ပြီး နူးညံ့စွာဆိုခဲ့သည်။

"မကြောက်ပါနဲ့"

အန်းယွီ၏ပုံစံက သူ့အား စိတ်ရှုပ်ထွေးစေရုံမှလွဲ၍ ဘာမှမခံစားရပါပေ။

လီယွီဖုန်း၏စကားမှာ ပိုင်ယွီသည် သူ့အားကြောက်လန့်သွားမည်ကို ကြောက်လန့်နေခြင်းပါလော။

ဆိုတော့ကာ သူ့ပုံစံက အရမ်းကြောက်လန့်နေတဲ့ပုံရလို့လား။

"လီယွီဖုန်း မင်းနောင်တရလိမ့်မယ် မင်းနောင်တရစေရမယ် အား..."

စူးစူးရှရှငိုသံများက တစ်ကမ္ဘာလုံး ပျံ့နှံ့သွားခဲ့သော်လဲ အန်းယွီ၏စကားလုံးများက လီယွီဖုန်းကို မယိမ်းယိုင်စေခဲ့ပေ။ ထိုအစား ဆွဲခေါ်ခံသွားရသည့်အန်းယွီကိုသာ ကြည့်နေခဲ့သည်။

"လီယွီဖုန်း မင်းနောင်တရမှာလား"

ပိုင်ယွီသည် ခေါင်းကိုစောင်း၍ ကြည်လင်သောမျက်ဝန်းအစုံနှင့် ကြည့်နေခဲ့သည်။

"ကိုယ်နောင်တမရပါဘူး ပိုင်ယွီ ကိုယ့်ရဲ့တစ်ဘဝလုံးမှာ မင်းကိုချစ်ပေးပြီး ကာကွယ်ပေးသွားမှာပါ ဘယ်သူကမှ နာကျင်အောင် လုပ်ခွင့်မပေးနိုင်ဘူး"

လီယွီဖုန်းသည် ကိုယ်ကိုကိုင်းကာ ပိုင်ယွီကိုပွေ့ဖက်လိုက်သည်။ သူ၏မျက်လုံးထဲ၌ တင်းမာမှုများက ဖြတ်ပြေးသွားလေသည်။

အန်းယွီ၌ ပြဿနာရှိနေသည်ဟု သိသွားချိန်တွင် အန်းယွီ၏ဖုန်းကို စောင့်ကြည့်စေခဲ့သောကြောင့် မော့ဖန်နှင့် အန်းယွီတို့၏ မက်ဆေ့ချ်အားလုံးကို သိခဲ့ရသည်။

တော်ဝင်မိသားစုသည် သူ့ကိုသတ်ကာ ပိုင်ယွီအား ခေါ်ထုတ်သွားချင်နေကြသည်။

လီယွီဖုန်း မျက်မှောင်ကျုံ့မိသွားခဲ့သည်။ ထို့ကြောင့် သူ့တွင်ရွေးချယ်စရာမရှိတော့ဘဲ ပုန်ကန်ခြင်းဖြင့် ထိုသူတို့အား အရသာမြည်းစမ်းခွင့်ပြုရလိမ့်မည်။

စစ်ပွဲကြီးက ၈လကျော်ကြာမြင့်ခဲ့ပြီး အေးဆေးစွာနေတတ်သော အင်ပါယာ၏စစ်ဦးစီးချုပ်သည် ရုတ်တရက်ပုန်ကန်ခဲ့သည်။

လူတိုင်းကမူ ဘုရင်ဖြစ်လိုခြင်းကြောင့်ဟု ထင်ကြသည်။ စစ်ဦးစီးချုပ်အလိုရှိခဲ့သည်က ကာကွယ်ပေးရမည့်သူအား ကာကွယ်ပေးရန်သာဖြစ်ကြောင်း မည်သူမှမသခဲ့ပေ။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now