unicode
အပိုင်း(၉၉) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၂၂.၁)
ပိုင်ယွီ ရှက်သွားရသည်။
သူ၏မျက်လုံးများက အလွန်ရှက်နေပြီး ရှဲ့ကျွင်းယန်အား အသနားခံကာကြည့်နေသည်။
ပိုင်ယွီ၏ထိုပုံစံလေးက ရှဲ့ကျွင်းယန်အား ပို၍ပင်အနိုင်ကျင့်ချင်လာစေသည်။
အခုလေးတင် လူရမ်းကားများထံ၌ အရိုက်ခံလာရသဖြင့် ရှဲ့ကျွင်းယန်၏စိတ်ထဲ၌ ပိုင်ယွီအား အလွန်သနားနေသည်။ ထို့ကြောင့် ဤအနမ်းသည် အရသာခံရုံသာဖြစ်ပြီး အားမထည့်ထားခဲ့ပေ။
နမ်းပြီးသွားချိန်တွင် ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား ရင်ခွင်ထဲထည့်ထားပြန်သည်။ သူ့လက်မောင်းကြားမှကောင်လေးသည် လူကိုစိတ်ချမ်းသာစေနိုင်သော မှော်အစွမ်းရှိပုံပင်။
ယခုအခါတွင်လဲ ပိုင်ယွီ၏အနမ်းမှာ ရပ်တန့်သွားကြီး သူ၏လက်ကိုဖယ်ကာ ရုန်းထွက်သွားသည်။
ရှဲ့ကျွင်းယန်၏စိတ်ထဲ၌ ရုတ်တရက် အလွန်မသက်မသာဖြစ်လာသည်။
ထိုလူသားလေးသည် သူ့မျက်စိရှေ့၌ရှိနေဆဲဖြစ်သော်လဲ ခဏလေးလွှတ်ပေးလိုက်ရသည်ကို တကယ်ကြီးလက်လွှတ်လိုက်ရသလို ခံစားလာရသည်။
သူသည် ပိုင်ယွီအပေါ်၌ ပိုပို၍နစ်မြုပ်နေပြီဖြစ်ကြောင်း ရှဲ့ကျွင်းယန်သတိထားမိသည်။ ထိုလူသားလေးအား မထားသွားနိုင်ပေ။ ထို့ကြောင့် သူ့အနေနှင့် ဖမ်းဆုပ်ထားပြီး နံဘေးတွင်ထားထားရမည်။ သူ့ကိုထားသွားခွင့် လုံးဝပေးမည်မဟုတ်ပေ။
ရှဲ့ကျွင်းယန်သည် ထိုအကြောင်းတွေးနေစဉ်၌ ပိုင်ယွီ၏အပေါ်သို့ ခေါင်းတင်ထားပြီး သူ၏လက်ချောင်းများက ပိုင်ယွီ၏ခန္ဓာကိုယ်တစ်လျှောက် စုန်ချည်ဆန်ချည် ရွေ့လျားနေကာ သူ့အကောင်ပေါက်လေး၏အပူချိန်ကို သေချာစစ်ဆေးနေသည်။
"ရှောင်ယွီ မင်းက ကိုယ့်အပိုင်ပဲ မင်းသိလား မင်းက ကိုယ်နဲ့ပဲဆိုင်တယ်"
ထိုစကားများက တရားလွန်ပြီး ယုတ္တိမရှိပေ။
သို့သော် ပိုင်ယွီက ပြုံးနေဆဲပင်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️