unicode
အပိုင်း(၇၄) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၁.၁)
"ပုပ်ရဟန်းမင်းကြီးဝင်ချက်စတာကို မင်းကြားဖူးလား သူက ရှစ်ယွင်ယီနဲ့ ဘက်ညီတယ် အခုတော့ အသေးစိတ်ကို မပြောပြနိုင်သေးပေမဲ့ ညသန်းခေါင်၃နာရီမှာ ရဲတိုက်နောက်ဘက်က ဥယျာဉ်ဆီကို မင်းလာခဲ့လိုက် ငါမင်းကိုလာခေါ်မယ် သွားရင်းနဲ့မှ လမ်းမှာစကားပြောကြတာပေါ့"
စကားပြောပြီးနောက် မော့ယွင်သည် ခေါင်းမော့ရင်ကော့၍ တံခါးဆီလျှောက်သွားခဲ့သည်။ မျက်လုံးကစားကာ တံခါးဝ၌ရပ်နေသောရှစ်ယွင်ယီကို စောင်းကြည့်ပြီးနောက် သူ၏မျက်နှာထက်၌ အပြုံးတစ်ခုပေါ်ထွက်လာခဲ့သည်။
နှိုင်းယှဉ်ပြ၍မရသော စိတ်လှုပ်ရှားမှုတို့ကြောင့် သူ၏တစ်ကိုယ်လုံးမှသွေးများက ပွက်ပွက်ဆူလာရသည်။
ရှစ်ယွင်ယီကို သတ်မည်။
ဤသည်က မော့ယွင် နှစ်ထောင်ချီပြီးမက်ခဲ့သော အိပ်မက်တစ်ခုဖြစ်သည်။ သူသည် ထိုအမျိုးသား၏ဖိနှိပ်မှုအောက်၌ ကြာမြင့်စွာနေခဲ့ရပြီး မျှော်လင့်ချက်ကို လက်လွှတ်ရတော့မည်ဟု ထင်ခဲ့ပါသော်လဲ လက်ရှိတွင်မူ မျှော်လင့်ချက်ရှိနေသေးပုံပင်။
ဗန်ပိုင်းယားတို့၏သက်တမ်းက အလွန်ရှည်လှသည်။ ဤကမ္ဘာတွင် သူပုံဖော်နိုင်ခဲ့သော ရည်မှန်းချက်ပန်းတိုင်များစွာရှိခဲ့ပြီဖြစ်ကာ ယခုအခါတွင်မူ အကြီးမားဆုံးပန်းတိုင်ကို အရောက်လှမ်းနိုင်တော့မည့်ပုံပင်။
မော့ယွင်ရယ်မောလိုက်သည်။
တောင်ပံများကို တဖျပ်ဖျပ်ခတ်လိုက်ပြီးနောက် ကောင်းကင်ယံသို့ ပျံသန်းသွားခဲ့သည်။
ရှစ်ယွင်ယီသည် မျက်မှောင်ကျုံ့ကာ လက်ပိုက်ထားပြီး တံခါးဝ၌ရပ်နေဆဲပင်။ ငွေရောင်ဆံနွယ်ရှည်များက ခြေဖနောင့်နားအထိပင် ပြေကျနေသည်။
ရှစ်ယွင်ယီ အခန်းထဲသို့ မဝင်သေးပေ။
သာမန်အချိန်တွင်ဆိုပါက အခန်းထဲအပြေးဝင်သွားပြီး ပိုင်ယွီအား ငေးကြည့်နေလိမ့်မည်။ ယခုအခါတွင်မူ တံခါးဝ၌ တိတ်ဆိတ်စွာရပ်နေပြီး သူ၏မျက်နှာက ရေသေလိုတည်ငြိမ်နေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
خيال (فانتازيا)ပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️