Arc 3.6(1)

2.9K 342 4
                                    

unicode

အပိုင်း(၅၉) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၆.၁)

မော့ယွင်သည် အံတင်းတင်းကြိတ်ကာ ပိုင်ယွီအား လောဘတကြီးနှင့် ငေးကြည့်နေမိသည်။ ထိုသွေးရနံ့က မွှေးပျံ့ပါသော်လဲ သူ့အသက်လောက် အရေးမကြီးပါပေ။

တုံ့ဆိုင်းခြင်းမရှိဘဲ ကောင်းကင်ထံ ပျံတက်သွားပြီးနောက် တခဏအတွင်းမှာပင် ပျောက်ကွယ်သွားသည်။

ရှစ်ယွင်ယီ၏မျက်လုံးထဲ၌ အလိုမကျမှုတို့ ရှိနေဆဲပင်။

နောက်ပြန်လှည့်ကာ ပိုင်ယွီအား ကြည့်လိုက်သည်။ ပိုင်ယွီ၏မျက်နှာမှာ လွန်စွာဖြူစုတ်နေလေသည်။

လွတ်မြောက်နိုင်သည့် အခွင့်အရေးကို ဆက်တိုက်ရနေပါသော်လဲ ဤနေရာ၌ မလှုပ်မယှက် ရပ်နေဆဲပင်။

တကယ်တုံးအတဲ့လူသားပဲ။
ရှစ်ယွင်ယီသည် ခေါင်းမော့၍ ပိုင်ယွီအား အော်ပြောလိုက်သည်။

"ငါက မင်းကို မသေစေချင်ဘူးလို့ ထင်နေတာလား လွန်ခဲ့တဲ့တစ်ပတ်ကကိစ္စကို ဘယ်သူ့ကိုမှ သိခွင့်မပေးနိုင်ဘူး ဒီတော့ မင်းကသေကိုသေရမယ်"

ပိုင်ယွီကမူ ခါးသက်စွာပြုံးနေခဲ့သည်။

"ငါလဲအတူတူပါပဲ အဲ့အချိန်ကို ပြန်လွမ်းမိတယ် ဝမ်းနည်းဖို့ကောင်းတာက အဲ့အချိန်တွေကို တစ်ဘဝစာလုံး ပြန်လွမ်းဆွတ်နေရုံပဲ တတ်နိုင်တော့မယ်"

ပိုင်ယွီ ဖြေးညှင်းစွာ သက်ပြင်းချလိုက်သည်။

ချစ်စရာကောင်းသော ထိုအရူးလေးသည် သူနှင့်ပေးထားသောကတိကို တသက်လုံးတည်သွားပါမည်လော။

သူ့ဘက်ကမူ ထိုသူစိတ်ကျေနပ်သည်အထိ အကောင်းဆုံးကြိုးစားရလိမ့်မည်။

ပုံမှန်အားဖြင့် နာကျင်နေရသော သူ့ကိုယ်သူတွေ့မြင်ရရန် တွန့်ဆုတ်နေတတ်ပါသော်လဲ သူ့ရှေ့မှလူသည် အရူးလေးနှင့် အတူတူပဲဖြစ်ကြောင်း ရှင်းရှင်းလင်းလင်း မြင်နေရဆဲပင်။

ထိုနှစ်ယောက်သည် လူတစ်ဦးထဲ၏ ပုံရိပ်များဖြစ်သော်လဲ ပိုင်ယွီ့အနေနှင့် အတိတ်မှအရူးလေးနှင့် လက်ရှိရှစ်ယွင်ယီအား တစ်ထပ်တည်းကျလာစေရန် မလုပ်ဆောင်နိုင်တော့ပေ။

"ငါကတော့ အဲ့အချိန်က မင်းရဲ့ပုံစံလေးကို သဘောပိုကျနေတုန်းပဲ အခုတော့ မင်းက အများကြီးခြားနားသွားပြီ..."
ပိုင်ယွီ၏စကားလုံးများက ရှစ်ယွင်ယီအား ဒေါသထွက်သွားစေသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now