unicode
အပိုင်း(၄၁) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၁.၂)
ထိုအချိန်တွင် နည်းပညာထိန်းချုပ်ရေးဌာနမှ လူတစ်ယောက်မှာ လီယွီဖုန်းထံ အပြေးရောက်လာသည်။
"ဗိုလ်ချုပ် ပိုင်ယွီက အမတ်ပိုင်ထံ ပို့ပေးလိုက်တဲ့မေးလ်ကို ကြားဖြတ်ယူလိုက်နိုင်ပါပြီ ကြည့်ချင်ပါသလားခင်ဗျ"
"ကြည့်ရမယ်"လီယွီဖုန်း၏အကြည့်တို့က အလွန်အမင်းအေးစက်နေသည်။
ထိုငယ်သား၏စကားမှာ သူ့ဒေါသအား လာဆွနေသကဲ့သို့ ခံစားနေရသည်။
စိတ်ထဲတွင်မူ သူ့အားသဘောကျသည်ဟူသော ပိုင်ယွီ၏စကားက ပဲ့တင်ထပ်နေသည်။
တကယ်ပဲ ဘာကိုသဘောကျခဲ့တာပါလိမ့်။ လက်ထပ်ပေါင်းသင်းချင်တဲ့အထိကို သဘောကျခဲ့တာပဲ။သစ္စာဖောက်တစ်ယောက်၏ လုပ်ပုံကိုင်ပုံ အထောက်အထားများအား မည်သူမဆို တွေ့မြင်ချင်ကြသည်က ပုံမှန်သာဖြစ်သည်မဟုတ်ပါလော။
လီယွီဖုန်းကမူ အေးစက်စွာ တုံ့ပြန်လိုက်သည်။"အဲ့လိုဟာမျိုးတွေ ငါမကြည့်ချင်ဘူး"
စားတော်ပွဲအမည်ရသော နိုက်ကလပ်၌....
လီယွီဖုန်းသည် ဆိုဖာတစ်ခုပေါ်၌ အင်ပါယာပြည့်ရှင်တစ်ဦးနှယ် တည်တင်းသောမျက်နှာသေနှင့် ထိုင်နေလေသည်။
စကားတစ်ခွန်းမဟသော်လဲ တစ်ချက်ဝေ့ကြည့်ရုံနှင့်တင် သူရှေ့မှ အိုမီဂါလေးများမှာ ချွေးသီးချွေးပေါက်များ ကျလာရသည်။
အချို့သူများဆိုပါက မတ်မတ်ပင်မရပ်နိုင်တော့ဘဲ ဒူးထောက်ခွေကျကုန်သည်။အင်ပါယာစစ်ဦးစီးချုပ်၏ဖယ်ရိုမုန်း၏အင်အားတို့မှာ စိတ်ကူးထားသည်ထက်ပင် ကျော်လွန်နေသည်။
နုနယ်သောအိုမီဂါများမဆိုထားနှင့် သာမန်အယ်လ်ဖာများသည်ပင် လီယွီဖုန်းထံမှထွက်နေသော ဖယ်ရိုမုန်း၏ဖိအားကို မခံနိုင်ကြပေ။
လီယွီဖုန်းသည် ဖယ်ရိုမုန်းများအား တမင်ထုတ်လွှတ်နေခြင်းမဟုတ်ဘဲ ဒီအတိုင်းထိုင်နေခဲ့လျှင်ပင် ထိုအိုမီဂါလေးများအတွက် အလွန်ခက်ခဲနေပြီဖြစ်သည်။
ကောလဟာလများအရ စစ်ဦးစီးချုပ်သည် အိုမီဂါများကို မနှစ်သက်ရုံမက မုန်းတီးသည်ဟုပင် ကြားဖူးသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️