Arc 2.5(1)

4.1K 453 0
                                    

unicode

အပိုင်း(၃၅) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၅.၁)

လီအိမ်တော်၏ထမင်းဝိုင်းက ခါတိုင်းထက်စည်ကားနေသည်။

လီယွီဖုန်းသည် စားသောက်နေချိန်၌ စကားမပြောဘဲ တိတ်ဆိတ်စွာဖြင့် သေသေသပ်သပ် မြန်မြန်ဆန်ဆန် စားသောက်တတ်သည်။

သခင်ကစကားမပြောလျှင် အစေခံများလဲ စကားမပြောရဲကြပေ။

ထို့ကြောင့် ယေဘုယျအားဖြင့် လီအိမ်တော်၏စားသောက်ချိန်များက တိတ်ဆိတ်နေတတ်သည်။

သို့သော် ဤနေ့တွင်မူ များစွာအသက်ဝင်နေလေသည်။ ထိုအရာများအားလုံးက ပိုင်ယွီ၏အသံဆာဆာလေးကြောင့်သာဖြစ်သည်။

"ဒါလင် ဒီပုဇွန်က စားလို့ကောင်းတယ်"

စားလိုက်သမျှ အရသာရှိနေသောကြောင့် ပျော်ရွှင်နေသကဲ့သို့ ပိုင်ယွီသည် လျှာတစ်လစ်ထုတ်ပြလိုက်သေးသည်။

စားသောက်နေစဉ်အတွင်း၌ပင် နံဘေးမှကိတ်အား ညွှန်ပြလိုက်ပြီး "ဒါလင် ကျွန်တော် အဲ့ကိတ်လေးစားချင်လို့ ယူပေးနိုင်မလား"

ပိုင်ယွီသည် လီယွီဖုန်း၏မေးကိုဆွဲကာ သူ့ဘက်လှည့်စေပြီးနောက် ပြုံးပြလိုက်သည်။ မည်သို့ပင်ဖြစ်စေ လုပ်သင့်လုပ်ထိုက်သည်များကို လုပ်ဆောင်ရလိမ့်မည်။

နံဘေးမှရပ်နေသော အန်းယွီကမူ သည်းမခံနိုင်တော့ပေ။

ပိုင်ယွီနှင့် လီယွီဖုန်းတို့ စားပွဲတစ်ဝိုင်းထဲ၌ ထိုင်နေကြသည်ကပင် သူ့ကိုအတော်လေးစိတ်အနှောင့်အယှက်ဖြစ်စေပြီးသားဖြစ်သည်။

မူလက ပိုင်ယွီအား အခန်းထဲထည့်ပိတ်ထားရန် စီစဉ်ခဲ့သော်လဲ ထိုကောင်လေးသည် ကြမ်းတမ်းရိုင်းစိုင်းကာ စစ်ဦးစီးချုပ်နှင့် စေ့စပ်ထားသူဟူသောရာထူးကိုပင်အသုံးပြုကာ လူကိုဖိနှိပ်တတ်မည်ဟု သူမထင်ခဲ့မိပေ။

ယခုအခါတွင်လဲ လီယွီဖုန်းကို ခိုင်းစားနေပြန်သည်။

လီယွီဖုန်းက မည်သူဖြစ်ပါသနည်း။

အင်ပါယာ၏ စစ်ဦးစီးချုပ်ဖြစ်ကာ တစ်ယောက်၏အောက် တစ်သောင်း၏အထက်၌ ရှိသောသူဖြစ်သည်။ ဘုရင်မင်းမြတ်သည်သာလျှင် သူ့အထက်၌ရှိသည်။

မသိမသာမျက်မှောင်ကြုံ့နေသော လီယွီဖုန်းကို တွေ့လိုက်ရသောအခါ အန်းယွီသည် ပိုင်ယွီအား အော်ငေါက်လိုက်သည်။

"ကောင်လေး တော်လောက်ပြီ စစ်ဦးစီးချုပ်ကို ဘယ်သူထင်နေတာလဲ သူကဘာလို့ မင်းကိုယူပေးရမှာလဲ မင်းရဲ့လက်တွေက အရမ်းတိုနေလို့လား ကိတ်က မင်းနဲ့နီးနီးလေးပဲဟာကို လက်လှမ်းမမီဘူးလား"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now