Arc 3.4(2)

3K 351 9
                                    

unicode

အပိုင်း(၅၇) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၄.၂)

ရှစ်ယွင်ယီသည် ကောင်းကင်နှင့် မြေပြင်အကြားမှ မာနအကြီးဆုံး ဗန်ပိုင်းယားဖြစ်သည်။ သူ့ကိုယ်သူ အလေးထားမှုက ပြင်းထန်ပြီး မသင့်တော်သောအသွင်အပြင်များ ပြုမူမိရန် သူ၏သိက္ခာတရားက ခွင့်မပြုပေ။

ဤအတောအတွင်း၌ သူသည် နှိမ့်ကျသောလူသားတစ်ယောက်ကို နာခံမိခဲ့သည်။ ထိုလူသား၏ ဆော့ကစားခြင်းကိုလဲ ခံခဲ့ရသည်။

ပိုင်ယွီ၏မျက်နှာကို မြင်ယောင်ကြည့်ရုံနဲ့တင် ရှစ်ယွင်ယီ၏စိတ်ထဲ၌ ဒေါသအပြည့်ဖြစ်လာသည်။

သူ့လိုဧကရာဇ်တစ်ပါးကို နှိမ့်ကျတဲ့လူသားက ဘယ်လိုတောင် မထီမဲ့မြင်ပြုရဲတာလဲ။

ရဲတိုက်တွင်ဆိုပါက ရှိသမျှဗန်ပိုင်းယားတို့သည် သူ၏လက်အောက်ခံဖြစ်ပြီး သူ့အားမြင်လိုက်သည်နှင့် ဦးညွှတ်ကြသည်။

သို့ပါသော်လဲ ထိုနှိမ့်ကျသောလူသားက သူ့အား အရူးတစ်ယောက်နှယ် ဆက်ဆံခဲ့သည်။

ရှစ်ယွင်ယီ၏နှလုံးသားထဲ၌ အဆုံးမဲ့ဒေါသတို့ လောင်ကျွမ်းနေသည်။

သူ၏အကျည်းတန်သောပုံရိပ်အား တွေ့ဖူးသူကို ကမ္ဘာပေါ်တွင် အသက်ရှင်ခွင့် မပြုနိုင်ပေ။ ကံကောင်းထောက်မစွာဖြင့် သူ၏ပုံစံကို ပိုင်ယွီတစ်ယောက်ထဲကသာ မြင်ရသေးသည်။ မဟုတ်ပါက ဤတစ်မြို့လုံးကိုပါ ပြာချမိလိမ့်မည်။

ထိုအချိန်တွင် လမ်းလျှောက်လာသူတစ်ဦးသည် ခေါင်းမော့လိုက်ချိန်၌ ရှစ်ယွင်ယီအား တွေ့သွားခဲ့သည်။

ဤခေတ်၌ လူသားနှင့် ဗန်ပိုင်းယားတို့မှာ အတူယှဉ်တွဲမနေနိုင်ပေ။

ဗန်ပိုင်းယားတို့သည် လူသွေးစုပ်ရန် မွေးဖွားလာကြသာများဖြစ်၍ လူတို့၏စိတ်ထဲ၌မူ ရက်စက်ကြမ်းတမ်းသော ဖြစ်တည်မှုအဖြစ် နေရာယူထားသည်။

ရှစ်ယွင်ယွီ၏မျက်လုံးအကြည့်များက အေးစက်နေပြီး သူ့အတွက် သေးသိမ်လှသောလူသားကို ငုံ့ကြည့်လိုက်သည်။

ဤကဲ့သို့ ဝေးလံခေါင်သီသောမြို့လေး၌ ဗန်ပိုင်းယား ထွက်ပေါ်လာခြင်းမှာ လွန်စွာထိတ်လန့်စရာပင်။

အော်ဟစ်သံက ကောင်းကင်တခွင် ပျံ့နှံ့သွားသည်။

မြေပြင်၌ရပ်နေကြသော လူသားတို့မှာ ကောင်းကင်မှကျလာသော ဗန်ပိုင်းယားကိုတွေ့ကာ လွန်စွာကြောက်လန့်နေကြသည်။

ရှစ်ယွင်ယီသည် ထိုသူများကို တစ်ချက်ကြည့်၍ အေးတိအေးစက်နှင့် လှောင်ပြောင်လိုက်သည်။

အော်ဟစ်သံက တစ်မြို့လုံးကို ဆွဲဆောင်သွားပြီးနောက် လူတိုင်းက တုတ်ဓားလက်နက်များကိုင်ကာ အပြေးရောက်လာကြသည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now