Arc 4.17(2)

1.5K 122 0
                                    

unicode

အပိုင်း(၉၄) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၇.၂)

ပိုင်ယွီမျက်မှောင်ကြုံ့လိုက်မိသည်။ သူတို့၂ဦး ဘာလုပ်နေကြပါသနည်း။

တစ်ဆက်ထဲမှာပင် ရှဲ့ကျွင်းယန်၏လက်က ပိုင်ယွီ၏မက်မွန်သီးလေးထံ ရောက်သွားလေသည်။

"ကိုယ်တို့တွေက အခုဒီလိုမျိုးလုပ်နေတာလေ"

စကားပြောနေသော ရှဲ့ကျွင်းယန်၏အသံက အက်ရှလာပြီး ပိုင်ယွီ၏နှုတ်ခမ်းအား ထပ်မံနမ်းရှိုက်လေသည်။

နွေးထွေးသော ဝင်လေထွက်လေတို့က နွေးထွေးသောနှုတ်ခမ်းပါးများထံသို့ ချဉ်းကပ်သွားသည်။

ရှဲ့ကျွင်းယန်က သူ၏လျှာကိုထုတ်ကာ ပိုင်ယွီ၏နှုတ်ခမ်းပါးလေးအား ဖြေးဖြေးချင်းအရသာခံနေသည်။ ထို့နောက် သွားတို့ကိုပွင့်ဟစေပြီး ခံတွင်းအနှံ့ ချောင်ကြိုချောင်ကြားမကျန် စတင်သိမ်းပိုက်တော့သည်။

ပိုင်ယွီသည်လဲ မီးရှုးမီးပန်းများကိုပင် အာရုံမစိုက်နိုင်တော့ဘဲ တစ်ဖက်လူ၏ဦးဆောင်မှုနောက်သို့ အသက်ရှုသံများကအစ ဆွဲခေါ်ခံသွားရသည်။

အသိစိတ်က ဗလာကျင်းနေကာ အသက်ရှုသံတို့က ပြတ်တောက်ပြတ်တောက်ဖြစ်လာသည်။

ရှဲ့ကျွင်းယန်ကမူ သူ့ရှေ့မှလူသားလေးအား ကျေနပ်အားရစွာဖြင့် ကြည့်လိုက်ပြီးနောက် ပိုင်ယွီအား နံရံနှင့်ဖိကပ်၍ မွတ်သိပ်စွာနမ်းတော့သည်။

စတိတ်ပေါ်မှာကတည်းက ဤသို့နမ်းချင်နေခဲ့သော်လဲ ထိုနေရာ၌ ကြည့်နေသူအလွန်များလှသည်။ စိတ်အားထက်သန်စွာ နမ်းခဲ့သော်လဲ ဤမျှအထိ ရမက်တို့ဖြင့် မစွန်းထင်းနေခဲ့ပေ။

ရှဲ့ကျွင်းယန်၏နှလုံးသားထဲ၌ လိုအင်ဆန္ဒတို့ ပြည့်နှက်နေလေသည်။

"ရှောင်ယွီ အိမ်ပြန်ကြရအောင်"

အကြိမ်ရေမည်မျှအထိ စားသုံးခံရပြီးပြီမှန်း မသိတော့သော်လဲ ပိုင်ယွီတစ်ကိုယ်လုံး နာကျင်ကိုက်ခဲနေသည်။

ရှဲ့ကျွင်းယန်သည် ဤနေ့တွင် ပို၍စိတ်အားထက်သန်နေပုံရပြီး ပထမဆုံးအကြိမ် အတူနေခဲ့စဉ်ကထက် ပို၍စိတ်အားထက်သန်နေခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now