unicode
အပိုင်း(၂၃) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၃)
နောက်ဆုံးတွင် ပိုင်ယွီရယ်ရယ်မောမောဖြစ်လာမှသာ နျဲ့လင်းယွီရင်ထဲက အလုံးကြီးကျသွားသည်။
ပိုင်ယွီ၏မျက်ဝန်းများထဲတွင် ကျန်နေသေးသည့်မျက်ရည်စများကို သူ၏လက်ဖြင့် ငြင်သာစွာသုတ်ပေးလိုက်သည်။ ပိုင်ယွီ၏အသားအရေသည် နှင်းတမျှဖြူစင်ပြီး ယခုအခါတွင်မူ အခွံခွာခံထားရသော ကြက်ဥလေးတစ်လုံးနှယ် နူးညံ့ချောမွတ်နေသည်။
မူလက မျက်ရည်များကို သုတ်ပေးချင်ခဲ့ရုံဖြစ်သော်လဲ ပိုင်ယွီ၏အသားနှင့် ထိလိုက်ရုံနဲ့တင် သူ၏လက်ချောင်းများက ပူလောင်လာရသည်။
သူ့ရှေ့မှလူငယ်လေးက သန့်စင်ပြီးအပြစ်ကင်းကာ နှုတ်ခမ်းဖျားလေးများကို အနည်းငယ်တွန့်ကွေးလိုက်သောအခါ ချစ်စဖွယ်ပါးချိုင့်လေးက ပေါ်ထွက်လာသည်။
ဖြူစင်သောပုံရိပ်လေးဖြစ်နေသော်လဲ ထိုကောင်လေး၏လက်များက သူ့ရင်ဘတ်ရှိနက်ခ်တိုင်မှ အမှုန်အမွှားများကို ဖယ်ပေးချင်နေသဖြင့် သူ၏ရင်ဘတ်ကို လက်နှင့်ပွတ်သပ်နေသလိုပင်။ လှုပ်ရှားမှုတို့က ပေါ့ပါးလှသော်လဲ ဆက်တိုက်ဖြစ်လာသောအခါ သူ၏နှလုံးသားက ယားယံလာသည်။
မထိခလုတ် ထိခလုတ် ပရောပရီပြုခြင်းက လူကိုအဆွဲဆောင်နိုင်ဆုံးဖြစ်သည်။
နျဲ့လင်းယွီသည် သူ၏ရင်ခွင်ထဲမှ နတ်သားလေးကို ငုံ့ကြည့်လိုက်သည်။
ထိုအချိန်တွင် ကပိုကရိုဖြစ်ကာ ကြယ်သီးပြုတ်ထွက်နေသော ပိုင်ယွီ၏ရင်ဘတ်ဖွေးဖွေးလေးကို မြင်နေရပြီး သေချာကြည့်ပါက ရေးတေးတေးအနီကွက်များကိုပင် မြင်ရနိုင်သည်။ သူချန်ခဲ့သော အမှတ်အသားဆိုသည်က သိသာလှသည်။ အသက်ရှုသံတို့က မြန်ဆန်လာရသည်။
နျဲ့လင်းယွီ၏လက်များက ပိုင်ယွီ၏ခါးသိမ်သိမ်လေး ထိတွေ့လိုက်ပြီး သူ၏လက်ချောင်းများက အထိမခံနိုင်သောနေရာကို ပွတ်သပ်လိုက်ချိန်တွင် ရင်ခွင်ထဲမှလူသားလေးက ရုတ်တရက်ပျော့ခွေသွားသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️