Unicode
သူ၏Systemကြောင့် ပိုင်ယွီဆွံ့အနေမိသည်။ ဘယ်လိုတုံ့ပြန်ရမလဲကိုပင် မသိတော့ပေ။
"မင်းကို ရှောင်မီဟူဆိုတာထက် ရှောင်ခန်ဟော်လို့ခေါ်သင့်ပြီ ပရမ်းပတာကိုဖြစ်နေတာပဲ"
ပိုင်ယွီသည် သူ၏မျက်နှာကိုပွတ်သပ်ရင်း သနားစဖွယ်သူ့ဘဝကို သုံးသပ်နေမိသည်။ခန့်ညားပြီး သူမတူသော ထိုအမျိုးသားကိုကြည့်ကာ လေးလေးနက်နက်ဆိုလိုက်သည်။
"သူကBig BOSSမဟုတ်ဘူးလား ဘာလို့များ မခုခံနိုင်ရတာလဲ"
ပိုင်ယွီသည် မျက်လွှာချကာ ရင်ထဲမှ မတင်မကျဖြစ်လာသောကြောင့် အသာအယာသက်ပြင်းချလိုက်မိသည်။
ရှောင်မီဟူကလဲ သက်ပြင်းလိုက်ချသည်။
[Hostက သူ့ရဲ့အဓိကနေရာကို ကန်လိုက်လို့ဖြစ်မှာပေါ့ Hostက ဒီလောက်ရက်စက်တတ်တယ်လို့ ဘယ်သူကသိမှာလဲ ကျွတ် ကျွတ် ကျွတ်...ယောက်ျားတစ်ယောက်အနေနဲ့ အဲ့နေရာကဘယ်လောက်အထိနာမလဲဆိုတာ မသိဘူးလား]
မရေမတွက်နိုင်သော အနက်ရောင်မျဉ်းတို့က ပိုင်ယွီ၏ခေါင်းထဲ၌ ဖြတ်ပြေးသွားလေသည်။
ဒီမောင်းမဆောင်ကို ဘယ်သူထောင်တော့မှာလဲ။
အကယ်၍ သူ၏Systemသာ အကောင်အထည်ရှိပါက ဆွဲထုတ်ပြီး ရိုက်သတ်မိလိမ့်မည်။
အခု ငါတကယ်စိတ်ညစ်နေရပြီ။
ပိုင်ယွီက အပျင်းဆန့်လိုက်ပြီး "ဇာတ်ကြောင်းလွှဲလိုက်တော့"[အိုခေ ]
ခေါင်းထဲမှ နာကျင်မှုကိုခံစားလိုက်ပြီးနောက် မရေမတွက်နိုင်သောဇာတ်ကြောင်းများက စိတ်ထဲဝင်လာသည်။
ကုတင်ပေါ်တွင် လဲကျနေသောသူမှာ နျဲ့လင်းယွီဟုခေါ်သော ချုပ်ကိုင်လိုစိတ်ကြီးမားသည့် ဥက္ကဌကြီးဖြစ်သည်။
နျဲ့လင်းယွီသည် ပိုင်ဆိုင်လိုစိတ်ကြီးသူဖြစ်ပြီး သူ့အပိုင်ဟုသတ်မှတ်ထားသူအား သူ၏နံဘေးတွင် ၂၄နာရီ ဖမ်းချုပ်ထားလိုစိတ်ရှိသည်။ သူ၏နှလုံးသားထဲမှလူက ပိုင်ယွီဆိုသည်မှာ အလွန်ထင်ရှားသည်။ဤကမ္ဘာတွင် ပိုင်ယွီ၏နာမည်က ပြောင်းလဲသွားခြင်းမရှိပေ။
ဇာတ်ကြောင်းထဲမှပိုင်ယွီသည် နျဲ့လင်းယွီကို သဘောမကျသည့်အပြင် သူ၏ချုပ်ကိုင်လိုစိတ်တို့ကြောင့် အမြဲထွက်ပြေးချင်ခဲ့ရသည်။ ပိုင်ယွီ၏ညီလေး ပိုင်လင်ကမူ အစ်ကို၏နေရာကို အစားထိုးဝင်ချင်နေပြီး တုံးအသောအစ်ကိုဖြစ်သာအား သူငယ်ချင်းနှင့်အတူထွက်ပြေးရန် ကူညီခဲ့သည်။ ထို့နောက်တွင်မူ ဥက္ကဌအား ချက်ချင်းသတင်းပို့လေတော့သည်။
ပြန်အဖမ်းခံရချိန်၌ ပိုင်ယွီသည် နျဲ့လင်းယွီအား "မင်းနဲ့နေရမှာထက်စာရင် ခွေးနဲ့ပဲနေလိုက်မယ်"ဟု ပြောခဲ့သည်။
အဆုံးတွင် နျဲ့လင်းယွီသည် သူ၏ခြေထောက်အားချိုးပစ်လိုက်ပြီး သံကြိုးများနှင့်တုပ်နှောင်ထားကာ နည်းမျိုးစုံဖြင့် နှိပ်စက်လေသည်။
ပိုင်ယွီသည်လဲ သည်းမခံနိုင်တော့သည့်အဆုံးတွင် သူ၏ရင်ဘတ်ကို ကတ်ကြေးဖြင့်ထိုးကာ ဘဝအား ကယ်ငယ်ရွယ်ရွယ်နှင့် အဆုံးသတ်စေခဲ့သည်။
STAI LEGGENDO
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️