unicode
အပိုင်း(၄) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၄)
ထိုသို့တွေးနေသော်လဲ ပြဇာတ်ကို ဆက်ကရပေဦးမည်။
ပိုင်ယွီသည် သူ၏ပေါင်ကို ပြင်းထန်စွာဆွဲလိမ်လိုက်သဖြင့် သူ၏မျက်ဝန်းထဲမှ မျက်ရည်စက်တို့ကျဆင်းလာလေသည်။
"နျဲ့လင်းယွီ မင်းကလူယုတ်မာပဲ ငါ့ကို စားပြီးနားမလည်လုပ်ချင်တာလား ဘာကြောင့်များ ဒီလိုလုပ်နိုင်ရတာလဲ"ပိုင်ယွီသည် နျဲ့လင်းယွီ၏ရင်ခွင်ထဲ ခေါင်းတိုးဝင်ထားပြီး တုန်ယင်နေသောအသံကြောင့် အလွန်အမင်းထိခိုက်ခံစားနေရသလိုပင်။
"နျဲ့လင်းယွီ ဘယ်လိုအကြောင်းတွေကြောင့် ငါ့ကို ဒီလိုမျိုး ဆက်ဆံရတာလဲ မင်းငါ့ကို အနိုင်ကျင့်တယ်..."
နျဲ့လင်းယွီ သေချာကြည့်လိုက်သည်။ ပိုင်ယွီ၏ပျော့ပြောင်းသောဆံနွယ်တို့က သူ၏မေးဖျားတွင် ကပ်ညှိနေပြီး ထိုလူ၏တစ်ကိုယ်လုံးက ဘောလုံးလိုကွေးကွေးလေးဖြစ်နေသည်။
ကူရာမဲ့ပြီး နာကျင်ခံစားနေရသလိုပင်။
သူ၏ခန္ဓာကိုယ်မှ နွေးထွေးမှုကိုခံစားနေရပြီး ရင်ဘတ်ပေါ်၌ပင် စိုစွတ်လှလေသည်။
အဲ့တာ ပိုင်ယွီ့ရဲ့မျက်ရည်တွေလား..။
သူပြောလိုက်သည်များက လွန်သွားသလို နျဲ့လင်းယွီခံစားလိုက်ရသည်။ ဘာလုပ်ရမှန်း မသိတော့သော်လဲ မနေ့ကကိစ္စကို သေချာမှတ်မိသည်။နျဲ့လင်းယွီသည် လက်ကိုဆန့်ထုတ်၍ ပွေ့ဖက်ထားပေးချင်သော်လဲ သူ့စိတ်ထဲကမူ အပြင်းအထန်ကန့်ကွက်နေသည်။ ထို့ကြောင့် သူ့မျက်နှာကိုပင် ငုံ့မကြည့်ခဲ့ပေ။
ထိုအခိုက်အတန့်တွင် ပိုင်ယွီသည် ဖြေးညှင်းစွာခေါင်းမော့လာသည်။ နျဲ့လင်းယွီကိုစိုက်ကြည့်နေသော သူ၏မျက်ဝန်းများက လုံးဝမရွေ့သွားပေ။
ပိုင်ယွီ၏မျက်လုံးထဲ၌ မျက်ရည်ဥများရှိနေသေးပြီး မျက်ဝန်းတစ်ခုလုံးက ရဲတွတ်နေသည်။
"နျဲ့လင်းယွီ မင်းက လူဆိုးကြီးပဲ"
ထိုသို့ပြောပြီးနောက် တစ်ခါထပ်ငိုပြန်သည်။ထိုမျက်ရည်ကြည်များက ပုလဲဥများနှယ် သူ၏မျက်ဝန်းဆီမှ တစ်စက်ချင်းကျလာသည်။
ပိုင်ယွီသည် လက်သီးလေးဆုပ်ကာ နျဲ့လင်းယွီကို ထုရိုက်တော့သည်။
နျဲ့လင်းယွီသည် တစ်ခဏမျှအံ့သြသွားပြီး သူ၏နှလုံးသားထဲမှ ပြောမပြတတ်သောနာကျင်မှုကို ခံစားလာရသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️