Arc 4.9(1)

1.6K 149 0
                                    

unicode

အပိုင်း(၈၆) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၉.၁)

ပိုင်ယွီသည် ကျေနပ်အားရစွာပြုံးနေမိသည်။ ရှဲ့ကျွင်းယန်က သူ့ကိုသဘောကျနေမှန်း သူသိပါသည်။ အဘယ့်ကြောင့်ဆိုသော် ထိုသူသည် ဗီလိန်ဖြစ်နေ၍ပင်။ သူတို့၂ဦးမှာ လက်ထပ်ခဲ့ကြပြီး ကလေးလဲရှိသလို ဘဝနေဝင်ချိန်ကိုလဲ အတူတူဖြတ်သန်းခဲ့ကြသည်။

တစ်ခါက သူကျိန်ဆိုဖူးခဲ့သည်။ နောက်ဘဝဘဝများ၌ မည်သို့ပင်ဖြစ်ပါစေ ယခုပုံစံလေးအတိုင်း အနှီသူနှင့်သာ ချစ်မြတ်နိုးချင်ပါသည်ဟုပင်။

ပိုင်ယွီ၏လက်အစုံက ရှဲ့ကျွင်းယန်၏လည်ပင်းကိုသိုင်းဖက်ကာ မျက်လုံးများကိုမှိတ်၍ အားတက်သရောတုံ့ပြန်ခဲ့သည်။

စာသင်ချိန်အတွက် ခေါင်းလောင်းထိုးသံက ရုတ်တရက် ထွက်ပေါ်လာခဲ့သည်။ ထိုအခါမှသာ သူတို့၂ဦးသည် ကျောင်းသားအရွယ်သာ ရှိသေးကြောင်း ပိုင်ယွီသတိရသွားသည်။

ကျောင်းထဲမှာတောင် ဘယ်လိုလုပ်ပြီး ပြောင်ပြောင်တင်းတင်းနမ်းရဲရတာလဲ။ မိသွားတာနဲ့ အပြစ်ပေးခံရလိမ့်မယ်။

"စာသင်ချိန်ကျော်သွားပြီ"

ပိုင်ယွီက ရှဲ့ကျွင်းယန်ကို တွန်းထုတ်ချင်ပါသော်လဲ ရှဲ့ကျွင်းယန်ကမူ စိတ်ကျေနပ်သေးပုံမရဘဲ ပိုင်ယွီ၏ခါးလေးမှပွေ့၍ ငြင်သာစွာဖက်ထားဆဲပင်။

"မရဘူး နောက်တစ်ခါထပ်နမ်းဦးမယ်"

နွေးထွေးသောဝင်လေထွက်လေတို့က ၂ဦးသား၏မျက်နှာများကို တိုးဝှေ့နေပြီး မရေမရာလေထုကို ဖြစ်ပေါ်လာစေသည်။ တကယ်တမ်းတွင် ရှဲ့ကျွင်းယန်သာမက ပိုင်ယွီလဲ အတန်းမတက်ချင်ပေ။

သူသည် နဂိုကတည်းက အချိန်ခရီးသွားသူတစ်ယောက်ဖြစ်၍ သူ့အတွက်အတန်းတက်ရခြင်းသည် သမ္မာကျမ်းစာကို နားထောင်နေရသလို ခက်ခဲလှသည်။ မစ်ရှင်အတွက်သာမဟုတ်ပါက စာကိုလေ့လာလိမ့်မည်မဟုတ်ပေ။ ပြောရမည်ဆိုလျှင် ရှဲ့ကျွင်းယန်သည် အတန်းထဲ၌ ထူးချွန်သူတစ်ယောက်ဖြစ်ပြီး ဆရာများကလဲ ချစ်ကြသည်။ ပိုင်ယွီကမူ လုံးဝဆန့်ကျင်ဘက်တွင်ရှိနေသည်။ အဆင့်များက ချောက်ထဲမှာပင်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now