unicode
အပိုင်း(၄၆) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၁၆.၂)
လီယွီဖုန်း၏မျက်လုံးထဲတွင် နူးညံ့မှုများက အပြည့်ပင်။ ကလေးရှိကြောင်း သိလိုက်ရချိန်မှစ၍ စကားပြောသံကအစ တိုးညှင်းသွားပြီး နူးနူးညံ့ညံ့ရှိလာသည်။"ဘယ်သူက မင်းရဲ့ကလေးလေးလဲ"
ပိုင်ယွီကမူ သူ့အားခေါ်ဝေါ်နေသည်ဟု ထင်နေဆဲပင်။"ဘယ်သူက မင်းရဲ့ကလေးလေးလဲ လီယွီဖုန်း ငါပြန်ရောက်တာနဲ့ ငါတို့လက်ထပ်ပွဲကို ဖျက်သိမ်းနိုင်ဖို့အတွက် နည်းလမ်းရှာမှာပါ ဒီနေ့ကစပြီး မင်းကမင်း ငါကငါပဲ အခူကစပြီး ငါတို့တွေ ပြတ်ပြတ်သားသား လမ်းခွဲကြတာပေါ့"
စိတ်တိုနေသော ပိုင်ယွီ၏အပြုအမူများသည် သူပြုခဲ့သောအရာများက နာကျင်စေခဲ့၍ဖြစ်ကြောင်း လီယွီဖုန်းလဲ သိနေခဲ့သည်။
သို့သော် သူပြောလိုက်သည့် ကလေးဟူသောအမည်သည်ကား ပိုင်ယွီအတွက် မဟုတ်ပါချေ။
လီယွီဖုန်း၏မျက်လုံးများက ပိုင်ယွီ၏ဝမ်းဗိုက်အောက်နားလေးသို့ မသိမသာကြည့်လိုက်မိပြီး သူ၏နှုတ်ခမ်းတို့ကလဲ အနည်းငယ်မျှကွေးညွှတ်သွားရသည်။
"ကိုယ်က မင်းကိုခေါ်တာမဟုတ်ပါဘူး"
လီယွီဖုန်းသည် ပိုင်ယွီ၏ဗိုက်ပေါ်သို့ လက်တင်လိုက်ပြီး "ကိုယ်က သူ့ကိုခေါ်တာ"ပိုင်ယွီ ထိတ်လန့်သွားရသည်။
'ဘာတွေလာပြောနေတာလဲဟ'
ဘယ်ညာဝန်းကျင်တွင် တစ်စုံတစ်ယောက်ရှိနေမလားဟုလဲ ကြည့်မိသော်လဲ မည်သူမှရှိမနေပေ။
လီယွီဖုန်းသည် ပိုင်ယွီ၏လက်ကိုဆုပ်ကိုင်၍ ဗိုက်ပေါ်တင်ပေးကာ တီးတိုးဆိုလိုက်သည်။ "ကလေး မင်းမှာ ကိုယ်ဝန်ရှိနေပြီ ပြီးတော့ ကိုယ်တို့ရဲ့ကလေးလေးရှိနေပြီမို့ အစားအသောက်ကို သေချာအာရုံစိုက်ရလိမ့်မယ်"ပိုင်ယွီသည် အသာခေါင်းခါလိုက်ပြီး အရူးတစ်ယောက်နှယ်ဖြစ်နေသော လီယွီဖုန်းအား ကြည့်လိုက်သည်။ သူ၏မျက်နှာက တွန့်ရှုံ့နေလေသည်။
"ငါက ယောကျာ်းလေးပါ မင်းရူးနေတာလား ငါက ဘယ်လိုလုပ်ပြီး ကိုယ်ဝန်ရနိုင်မှာလဲ မင်းရဲ့ဦးနှောက်တွေ မီးကျွမ်းသွားပြီလား"လီယွီဖုန်းသည်ပင် တဒင်္ဂမျှ အံ့သြသွားရသည်။
ပိုင်ယွီက ကိုယ်ဝန်ရှိနေတဲ့အကြောင်းကိုတောင် မသိဘူးလား ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။
ကလေးဘဝက မေတ္တာငတ်မွတ်ပြီး ကြီးပြင်းခဲ့ရတာကြောင့် ဒီလိုကိစ္စတွေကိုတောင် နားမလည်သေးတာလား။
လီယွီဖုန်းသည် ပိုင်ယွီအား ဂရုဏာသက်စွာဖြင့် ကြည့်နေမိသည်။ စကားပြောသော သံနေသံထားတို့ကအစ ပိုပို၍ နူးညံ့လာခဲ့သည်။
"ကလေးလေး မင်းကအိုမီဂါလေ အိုမီဂါတွေဟာ ကိုယ်ဝန်လွယ်ဖို့ မွေးဖွားလာကြတာ သူတို့တွေက မျိုးဆက်ကို အဓွန့်ရှည်စေတယ်လေ"
ယခုအခေါက်သည်က ပိုင်ယွီ အံ့သြရမည့်အလှည့်ပင်။
သူ့ခေါင်းထဲ၌ ကြက်သားပေါက်လေးများ ထောင့်နှင့်ချီကာ အော်ဟစ်နေသကဲ့သို့ ဆူညံနေပြီး မူးဝေလာခဲ့သည်။
အိုမီဂါတစ်ယောက်က ကိုယ်ဝန်ဆောင်နိုင်တယ်ဆိုတာကို သူဘာကြောင့် မသိခဲ့ရတာလဲ။ ဘယ်လောက်တောင် ကြောက်ဖို့ကောင်းတဲ့ကိစ္စကြီးလဲ။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️