unicode
အပိုင်း(၃၈) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၈.၂)
သူ့ရှေ့မှလူသားလေးသည် သူ့နှင့်သာသက်ဆိုင်သဖြင့် အမှတ်အသားပြုလိုက်ပါက သူ့အပိုင်ဖြစ်သွားလိမ့်မည်။
သူသည် တစ်စုံတစ်ယောက်၏ ဒါလင်ဟုသာ အခေါ်ခံရသင့်သည်။
ဤကမ္ဘာတွင် အိုမီဂါတစ်ယောက်သည် အယ်လ်ဖာတစ်ယောက်၏ အမှတ်အသားပြုခြင်းကိုသာ ခံရမည်ဖြစ်၍ ချက်ချင်းအမှတ်အသားပြုရလိမ့်မည်။
ပိုင်ယွီအား သူ့အပိုင်ဖြစ်အောင်လုပ်ရမည်။လည်တိုင်မှလှုံ့ဆော်မှုကြောင့် ပိုင်ယွီ၏မျက်လုံးများက ပြူးကျယ်သွားကာ ထိုအချိန်တွင် သူ၏ခေါင်းထဲ၌လဲ ဗလာဖြစ်သွားလေသည်။ ဖော်ပြ၍ပင်မတတ်နိုင်သောသာယာမှုက သူ၏လည်ပင်းဆီမှ ထွက်ပေါ်လာခဲ့ပြီး တစ်ကိုယ်လုံးသို့ ပျံ့နှံ့သွားလေသည်။
ပိုင်ယွီ၏နှုတ်ခမ်းဖျားမှ ညည်းညူသံများထွက်လာပြီး သူ၏တစ်ကိုယ်လုံးကလဲ လီယွီဖုန်း၏ရင်ခွင်ထဲသို့ ရွံ့ရုပ်တစ်ရုပ်နှယ် ပျော်ကျသွားသည်။ တဒင်္ဂမျှ မလှုပ်ရှားနိုင်တော့ချေ။
လီယွီဖုန်းသည် နှစ်ခြိုက်စွာပြုံးနေခဲ့ပြီး ရေပန်းကိုပိတ်ကာ သဘက်တစ်ထည်ယူ၍ ပိုင်ယွီအားပတ်ပေးလိုက်သည်။ ထို့နောက် ကုတင်ဆီသို့ ချီသွားလေသည်။
ရီဝေဝေမျက်လုံးများနှင့် ကုတင်ပေါ်၌ လှဲလျောင်းနေသာအားကြည့်လိုက်ပြီးနောက် လီယွီဖုန်းသည် အပေါ်မှဖိနှိပ်လိုက်သည်။ တဆက်ထဲမှာတင် မာန်ပါသောလေသံဖြင့် "ပိုင်ယွီ မင်းက ကိုယ့်အပိုင်ပဲ မှတ်ထားပါ ကိုယ်က မင်းရဲ့ခင်ပွန်းပဲ"လွှမ်းမိုးနိုင်စွမ်းကြီးမားသော အနမ်းတစ်ခုက လိုက်ပါလာခဲ့သည်။
သူသည် ပိုင်ယွီ၏သွားများကိုဖွင့်ကာ ထိုလူသားလေး၏ချိုမြိန်မှုကိုစုပ်ယူရန် အကောင်းဆုံးကြိုးစားနေလေသည်။
ချိုတယ် တကယ်ချိုမြိန်တာမို့ တကယ်အလိုရှိတယ်...။လီယွီဖုန်းသည် ပိုင်ယွီ၏ကိုယ်ပေါ်မှသဘက်ကိုဖယ်၍ ပြီးပြည့်စုံသောခန္ဓာကိုယ်အားရှုစားရန် မစောင့်နိုင်တော့ပေ။
မျက်လုံးအစုံက နီစွေးစွေးဖြစ်နေလေပြီ။ နမ်းရုံမျှနှင့် မလုံလောက်တော့ပေ။ ထို့ထက်ပိုအလိုရှိလာသည်။
လီယွီဖုန်းသည် ပိုင်ယွီ၏ကိုယ်လေးအား ရင်ခွင်ထဲထည့်ထားလိုက်သည်။ သို့သော် ထိုအချိန်တွင် သူ၏ပခုံးမှ စူးရှသောနာကျင်မှုကို ခံစားလိုက်ရလေသည်။
ပိုင်ယွီသည် လီယွီဖုန်း၏ပခုံးကိုကိုက်ခဲ့ပြီး ထိုနေရာမှ သွေးများပင် စီးကျနေသည်။
ပြင်းထန်သောနာကျင်မှုက လီယွီဖုန်းအား စိတ်ငြိမ်သွားစေခဲ့ပြီး ပိုင်ယွီ၌ တစ်ခုခုမှားယွင်းနေသည်ကို သတိပြုမိစေခဲ့သည်။
ပိုင်ယွီ၏အသွင်သဏ္ဍာန်မှာ မသက်မသာဖြစ်နေပုံရကာ ပါးစပ်မှလဲ နာကျင်စွာညည်းညူနေပြီး မျက်ရည်တို့ကလဲ စီးကျနေလေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️