Arc 1.9

5.5K 591 0
                                    

unicode

အပိုင်း(၉) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၉)

"ဘာဖြစ်ကြတာလဲ"

နျဲ့လင်းယွီက မျက်မှောင်ကြုံ့နေခဲ့သည်။

ရှုယာသည် အသဲအသန်ရှေ့တိုးပြီး နျဲ့လင်းယွီ၏လက်မောင်းကို ဖက်ထားလိုက်သည်။

"အစ်ကိုနျဲ့ ဒီအကောင်ကို မြန်မြန်မောင်းထုတ်လိုက်စမ်းပါ သူက ညီမနာရီကိုခိုးရုံမက ညီမကိုလဲ ရိုက်သေးတယ်"

မိုးပြိုသလို ငိုနေသောရှုယာ၏မျက်လုံးတို့က နီရဲလာသည်။

"သခင့်ပစ္စည်းကိုခိုးတတ်တဲ့ ဒီလိုကျွန်မျိုးကို လုံးဝမထားသင့်ဘူး"

ရှုယာ၏စကားကို ကြားလိုက်ရသောအခါ နျဲ့လင်းယွီ၏မျက်နှာက ချက်ချင်းတင်းမာသွားလေသည်။

ပိုင်ယွီသည် နျဲ့လင်းယွီ၏မျက်နှာကို အကဲခတ်လိုက်သည်။ သူသည် ရှုယာကဲ့သို့ ငိုမနေသလို ငြင်းလဲမငြင်းနေပေ။

"မစ္စရှုက ကျွန်တော်ကိုသဘောမကျဘူးဆိုတာ ကျွန်တော်သိပါတယ်..."

ပိုင်ယွီ၏မျက်နှာပေါ်၌ ခါးသီးမှုတို့ကအပြည့်ပင်။

"လင်းယွီ တကယ်လို့ မင်းကလဲငါ့ကိုမုန်းတယ်ဆို ငါ့ကိုအဝေးမောင်းထုတ်ဖို့ တစ်ယောက်ယောက်ကို ခိုင်းလိုက်ပါ ထားပါလေ မင်းငါ့ကိုမယုံဘူးဆိုတာ ငါသိပါတယ် ငါ့ဘာသာပဲ ထွက်သွားပါ့မယ်"

ရှုယာက မယုံကြည်နိုင်စွာဖြင့် ကြည့်နေသည်။ 'ဘယ်လိုဖြစ်နိုင်မှာလဲ ဒီဈေးပေါတဲ့အကောင်က ဘာအကွက်တွေခင်းနေပြန်တာလဲ တကယ်ထွက်သွားချင်နေတာလား'

တချိန်ထဲမှာပင် ရှောင်မီဟူကလဲ အော်ဟစ်နေသည်။

[Host ရူးသွားပြီလား အခုထွက်သွားရင် ဗီလိန်ကို ဘယ်လိုတိုက်ခိုက်မှာလဲ]

ပိုင်ယွီသည် ရူးမတတ်ဖြစ်နေသော ရှောင်မီဟူကိုလျှစ်လျှူရှုပြီး သူ့ရှေ့မှလူကိုသာ မျက်နှာငယ်နှင့်ကြည့်နေသည်။

သူ၏မျက်လုံးအိမ်၌ မျက်ရည်စတို့က တွဲလဲခိုနေပြီး နျဲ့လင်းယွီအားကြည့်နေသော သူ၏မျက်လုံးအစုံ၌ အဆုံးမရှိသောဆုံးရှုံးခြင်းကို မြင်နေရသည်။

သို့သော် ရှေ့တစ်လှမ်းပင်တိုးလိုက်ပြီး အနည်းငယ်ရွဲ့နေသော နျဲ့လင်းယွီ၏နက်ခ်တိုင်ကို တည့်ပေးလိုက်ကာ "လင်းယွီ နောက်ကျရင်လဲ ကောင်းကောင်းစားသောက်ရမယ်နော် အရက်ကိုလဲ အများကြီးမသောက်ရဘူး အဲ့တာက ကျန်းမာရေးထိခိုက်လိမ့်မယ် ငါဒီမှာမရှိတော့ပေမဲ့ မင်းရဲ့ခန္ဓာကိုယ်ကို ဂရုစိုက်ပါနော်"

စကားပြောပြီးသောအခါ ပိုင်ယွီသည် အခန်းထဲဝင်သွားပြီး ခရီးဆောင်အိတ်ကိုထုတ်ကာ အဝတ်အစားများကို ထည့်နေလေသည်။

ရှုယာသည် ပိုင်ယွီအား ညစ်ကျယ်ကျယ်နှင့်ကြည့်နေသော်လဲ သူမ၏စကားအနည်းငယ်ဖြင့် ထိုအမှိုက်ကောင်ကို မောင်းထုတ်ပစ်နိုင်မည်ဟု မထင်ထားခဲ့ပေ။

ကျွန်သည်က ကျွန်သာဖြစ်၍ သခင်နှင့် ခြေရာတိုင်း၍ မရပါချေ။

သို့သော် သူမဂုဏ်ဆာပြီး ၃စက္ကန့်ပင်မကြာသေးခင်မှာတင် နျဲ့လင်းယွီသည် သူမအားတွန်းထုတ်လိုက်သည်။

ထို့နောက် ပိုင်ယွီထံလျှောက်သွားပြီး ပိုင်ယွီ၏လက်ကိုဆွဲကာ ဖက်ထားလိုက်သည်။

"ကိုယ်ကမင်းကို ထွက်သွားဖို့ပြောမိလို့လား"

နျဲ့လင်းယွီ၏မျက်လုံးအိမ်များက ကျဉ်းမြောင်းနေပြီး ရေခဲလို အေးစက်စက်အငွေ့အသက်များက သူ့တစ်ပိုယ်လုံးမှ ထွက်နေသည်။

"ဒါပေမဲ့..."

ထိုသူအားမော့ကြည့်လာသော ပိုင်ယွီ၏မျက်ဝန်းထဲ၌ မျက်ရည်စတို့က တွဲလဲခိုနေလေသည်။ "မစ္စရှုက ငါ့ကိုသဘောမကျဘူးလေ ငါ ငါဘာမှမလုပ်ခဲ့ပေမဲ့ သူနာရီကိုခိုးတယ်လို့တောင် စွပ်စွဲခဲ့တာလေ"

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now