unicode
အပိုင်း(၂၄) (လွှမ်းမိုးနိုင်စွမ်းကြီးတဲ့ဥက္ကဌက ငါ့ကိုလုယူချင်နေတယ်-၂၄)
အိမ်တော်ထိန်းသည် သူ့ကိုယ်သူပင် မယုံကြည်နိုင်ဖြစ်နေသည်။ ပိုင်ယွီအား လက်ကမ်းပေးနေပါသော အလွန်အကြူးပျော်မြူးနေပါသော နျဲ့လင်းယွီအား အရှင်လတ်လတ်တွေ့လိုက်ရသောအခါ လုံးဝရှော့ရနေလေသည်။
နျဲ့အိမ်တော်တွင် အိမ်တော်ထိန်းအဖြစ် နှစ်ပေါင်းများစွာ အလုပ်လုပ်ပေးခဲ့သော်လဲ သခင်လေးနျဲ့သည် တစုံတဦးအား လက်ကမ်းပေးဖူးသည်ကို မမြင်ခဲ့ဖူးပေ။ ဤမျှအထိ ပျော်ရွှင်နေသည်ကိုလဲ မတွေ့ခဲ့ဖူးပေ။
အိမ်တော်ထိန်း၏စိတ်ထဲ၌ ပိုင်ယွီ၏နေရာက တဖြေးဖြေးမြင့်မားလာသည်။ ပိုင်ယွီအား ဈေးပေါပေါကုန်ပစ္စည်းလို သဘောမထားနိုင်တော့ပေ။
ထိုသူသည် နျဲ့လင်းယွီ၏အိမ်ထောင်ဖက်ပင် ဖြစ်လာနိုင်သည်။
ထိုအချိန်၌ အိမ်တော်ထိန်း၏အနောက်ရှိ အစေခံ၂ယောက်က ပိုင်ယွီအကြောင်း အတင်းပြောနေခဲ့သည်။
"သခင်လေးက ပိုင်မျိုးရိုးကို လက်ထပ်မယ်ထင်လား"
"ဘယ်သူသိနိုင်မှာလဲ ပိုင်မျိုးရိုးက သခင်လေးရဲ့အိပ်ရာပေါ် အတင်းကုပ်တက်ထားတာလဲ ဖြစ်နိုင်တာပဲလေ ရက်နည်းနည်းလောက်ကြာရင် သခင်လေးက သူ့ကိုကန်ထုတ်ပစ်မှာ"
"အမှန်ပဲ"
အိမ်တော်ထိန်းသည် သူ၏နောက်မှလူကို ခေါင်းစဉ်မတပ်နိုင်သောအကြည့်နှင့်ကြည့်လိုက်သည်။ လက်ရှိအနေအထားအရ အားလုံးကအမူးလွန်နေပြီး သူတစ်ယောက်ထဲက ပုံမှန်အတိုင်းကျန်နေသလိုပင်။
ထိုသူများ၏စကားအတိုင်း ရိုးရှင်းလျှင်လဲ ကောင်းလှပါသည်။ သို့သော် ယခုကဲ့သို့ သခင်လေး၏ပုံစံကို သူသည်ပင် တစ်ကြိမ်မှမမြင်ဖူးပေ။
ပိုင်ယွီအားကြည့်နေသောအကြည့်များက အရည်ပျော်ကျလုမတတ်ဖြစ်နေချိန်တွင် ရက်ပိုင်းလောက်နှင့်တော့ မကန်ထုတ်နိုင်လောက်ပေ။
-
နျဲ့လင်းယွီ အခန်းထဲတွင်ကြာနေသည်က အဝတ်လဲနေခြင်းကြောင့်သာမဟုတ်ဘဲ ပိုင်ယွီအား အံ့သြသွားအောင်လုပ်ရန် ပြင်ဆင်နေခဲ့ခြင်းဖြစ်သည်။ ထို့ကြောင့် သူနှင့်အဆက်အသွယ်ရှိသူများထံ ဖုန်းဆက်၍ အချိန်တိုအတွင်း အားလုံးကိုပြင်ဆင်နေခဲ့၍ပင်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️