Arc 3.2(2)

3K 315 1
                                    

unicode

အပိုင်း(၅၅) (ရူးနေတဲ့အဲ့ဒီဗန်ပိုင်းယားက ငါ့ယောကျာ်း ၂.၂)

အလွန်အမင်း ပင်ပန်းနေသောပိုင်ယွီသည် ခေါင်းသာငြိမ့်ပြလိုက်သည်။

သွေးများစွာဆုံးရှူံးထားသဖြင့် ခေါင်းမူးနေသောကြောင့် ပိုင်ယွီသည် ကောင်းမွန်စွာအိပ်စက်၍ အနားယူချင်မိသည်။

သို့သော် သူ့ရှေ့မှလူကြောင့် စိတ်မသက်မသာဖြစ်ရသည်။

"ယွီယွီ ကျွန်တော့်ကို သဘောကျသေးရဲ့လားဟင်"

ပိုင်ယွီသည် အိပ်ရာပေါ်၌ လဲလျောင်းနေပြီး မျက်စိကိုအနည်းငယ်ဖွင့်ကာ သူ့ရှေ့မှလူအား မမှိတ်မသုန် ကြည့်လိုက်သည်။

ထိုသူသည် သြဇာအာဏာပြည့်ဝသူမှန်း သိသာပါသော်လဲ ချို့ယွင်းချက်ကြောင့် ယခုကဲ့သို့ ဖြစ်နေရရှာသည်။

ပိုင်ယွီ၏နှလုံးသားက နူးညံ့သွားရသည်။

"ငါသဘောကျပါတယ်"

ပိုင်ယွီသည် ပြုံးပြလိုက်ပြီးနောက် ရှစ်ယွင်ယီကိုပါ သူ၏နံဘေးတွင် လဲှအိပ်စေလိုက်သည်။

ယခုအချိန်တွင် စိတ်မမှန်သည့်တိုင် ထိုအမျိုးသားအား လွန်စွာသဘောကျပါသည်။

ထိုသူသည် မည်သည့်အချိန်မှ နေပြန်ကောင်းလာမည်ကိုလဲ သူမသိသေးချေ။ အကယ်၍ နေပြန်ကောင်းလာပါက သူ၏အရှက်ရဖွယ်ပုံစံကို မှတ်မိနိုင်မလားလဲ သာမသိပေ။

ကြီးကြီးကျယ်ကျယ်နှင့် အကျင့်ဆိုးသူဗန်ပိုင်းယားသည် နဂိုအနေအထားပြန်ရောက်သွားပါက ယခုအဖြစ်အပျက်များကို မှတ်မိသွားလျှင် ဖြစ်နေမည့်ပုံစံကိုတွေးကာ ပိုင်ယွီ သဘောကျနေမိသည်။

"ဒါပေမဲ့ ယွီယွီက ကျွန်တော့်ကိုပစ်ထားတယ်..."

ရှစ်ယွင်ယီ မျက်မှောင်ကျုံ့လိုက်ပြီး

"တကယ်လို့သာ ယွီယွီက ကျွန်တော့်ကိုပစ်ထားရင် ကျွန်တော် အရမ်းဝမ်းနည်းပြီး သေလုမြောပါး ဖြစ်သွားလိမ့်မယ်"

"ဒါဆို ငါ့ကိုပေးနမ်းလေ ဟုတ်ပြီလား"

ပိုင်ယွီသည် ရှစ်ယွင်ယီအားကြည့်ကာ နှုတ်ခမ်းအစုံအား တေ့ကပ်လိုက်သည်။
လျှပ်စီးကြောင်းသဖွယ်ခံစားချက်က ရှစ်ယွင်ယီအား မျက်လုံးပြူးသွားစေခဲ့သည်။ ဤသို့သောထူးဆန်းမှုမျိုးကို တစ်ကြိမ်တစ်ခါမှ မခံစားဖူးခဲ့ပေ။

ပိုင်ယွီ၏နှုတ်ခမ်းမှာ မွှေးကြိုင်ချိုမြိန်လှပြီး နူးညံ့သည်။ ထိတွေ့ရန်ပင် အလွန်ကောင်းမွန်ညက်ညောလှသည်။

"ယွီယွီ ကျွန်တော် လိုချင်..."

စကားပြောနေရင်းမှ ရှစ်ယွင်ယီသည် လက်ဦးမှုယူကာ ပိုင်ယွီ၏ခံတွင်းကို စားသုံးတောာသည်။

အရမ်းနူးညံ့တယ်၊ ချိုမြိန်တယ်၊ ပိုပြီးအလိုရှိတယ်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now