Arc 4.15(1)

1.7K 149 0
                                    

unicode

အပိုင်း(၉၂) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၅.၁)

ရှဲ့ကျွင်းယန်ကို ပိုးပန်းနေကြသူများစွာရှိသော်လဲ အများ၏အမြင်တွင်မူ ရှဲ့ကျွင်းယန်နှင့်ထိုက်တန်သူက မရှိပေ။ ထို့ကြောင့် ရှဲ့ကျွင်းယန်၏အသည်းတစ်ခြမ်းက မရှိတော့သလိုဖြစ်နေရသည်။

ယခင်ကမူ ပိုင်ယွီသည် ရှဲ့ကျွင်းယန်ကို နှောင့်ယှက်နေဆဲဟု ထင်ကြသည်။ ရှဲ့ကျွင်းယန်ဘက်မှ အမှန်တရားကို ထုတ်ဖော်ပြောပြီးသည့်တိုင် ပိုင်ယွီဘက်မှ ကပ်တွယ်နေမှုကြောင့်ဟု ထင်နေသူများရှိနေဆဲပင်။ ရှဲ့ကျွင်းယန်၏စကားများကို လူတိုင်းနီးပါးက မသိချင်ယောင်ဆောင်ခဲ့သည်။

ပိုင်ယွီသည် ရှဲ့ကျွင်းယန်၏အချစ်ရေးအတွက် အတားအဆီးဖြစ်နေသည်ဟု လူများစွာက တွေးထင်ကြသည်။

နတ်ဘုရားသဖွယ် ချောမောလှသောရှဲ့ကျွင်းယန်က ပိုင်ယွီကဲ့သို့ ရုပ်ဆိုးပန်းဆိုးကို မည်သို့ချစ်သွားရပါသနည်း။ သို့သော် ထိုအတွေးများသည်က အလေးအနက်ဖြစ်နေသော ရှဲ့ကျွင်းယန်ကို မတွေ့ရသေးခင်အထိသာ သက်တမ်းရှိခဲ့သည်။

လက်ရှိတွင် ပိုင်ယွီသည် ရှဲ့ကျွင်းယန်နံဘေး၌ ရပ်နေသည်။ ရှဲ့ကျွင်းယန်သည် ပိုင်ယွီအား အနည်းငယ်မျှပင် မယှဉ်နိုင်ခဲ့ပေ။ ပိုင်ယွီ၏ပုံစံလေးမှာ ပို၍တောက်ပပြီး မျက်စိထဲစွဲလွယ်သည်။

ရှဲ့ကျွင်းယန်သည် ချောမောသော်လဲ သူစိမ်းများမကပ်ရဲသော အရှိန်အဝါမျိုးရှိသည်။ ထို့ကြောင့် ရှဲ့ကျွင်းယန်ကို ချစ်ခင်သူများရှိသည့်တိုင် အနားမကပ်ရဲကြပေ။

သို့ပါသော်လဲ ပိုင်ယွီက မတူပေ။ ပိုင်ယွီ၏ပုံစံမှာ နူးညံ့ပီးချစ်စဖွယ်ကောင်းကာ ဖော်ရွေပုံရသည်။ ပြုံးပြလိုက်ရုံနှင့် လူအများကို အနားတိုးကပ်လာစေချင်သည်။

ထို့ကြောင့်လဲ လှပလွန်းသောချစ်သူလေးအား မည်သူမဆို ဖုံးကွယ်ထားချင်ပြီး သူတို့၏ပိုင်ဆိုင်မှုကို အခြားသူများထံ ကြေငြာပြရန် ကြောက်လန့်ကြပါလိမ့်မည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now