unicode
အပိုင်း(၉၁) (ကျောင်းမြက်လေးတဖြစ်လဲ ငယ်သူငယ်ချင်းဝါးမြင်းလေးက ငါ့ကိုအပိုင်သိမ်းချင်နေတယ် ၁၄.၂)
စာပေနှင့်အနုပညာကော်မတီဝင်သည် ပိုင်ယွီအား နားနေခန်းအရောက် ပို့ဆောင်ပေးခဲ့သည်။ နားနေခန်းထဲ ရောက်သွားချိန်တွင် လူတိုင်းနီးပါး တောင့်ခဲသွားရသည်။
အလွန်အမင်းသုန်မှုန်နေသော ရှဲ့ကျွင်းယန်၏မျက်နှာမှလွဲ၍ အားလုံးကအေးခဲနေသလိုပင်။ ထိုအချိန်၌ အခန်းထဲတွင် လုံးဝတိတ်ဆိတ်သွားသည်။
"သူ...သူက ပိုင်ယွီလား"
ဆူညံသံများ ပြန်လည်ထွက်ပေါ်လာသည်။
"မဖြစ်နိုင်တာ သူက တကယ်ပဲပိုင်ယွီလား"
စာပေနှင့်အနုပညာကော်မတီဝင်သည် မိုးကြိုးပစ်ခံလိုက်ရသလို အံ့သြနေကြသောလူများ၏မျက်နှာကိုကြည့်ကာ ပြဇာတ်အတွက် အလွန်ကောင်းမွန်နေပြီဖြစ်ကြောင်း ခံစားလာရသည်။
သူ့ရှေ့မှလူများကိုကြည့်နေရင်းမှ ပိုင်ယွီ၏လက်မောင်းကိုဆွဲလိုက်ပြီး ဝံ့ကြွားစွာပြောလာခဲ့သည်။
"ဒါပေါ့ မျက်မှန်မတပ်ထားတဲ့ပိုင်ယွီက ဒီလောက်လှမယ်လို့ မထင်ထားကြဘူးမှတ်လား ငါလဲပဲ မထင်ထားမိခဲ့ဘူးလေ"
ပိုင်ယွီ၏လက်ရှိပုံစံလေးမှ ရိုးရိုးရှင်းရှင်းနှင့် လှရက်လွန်းသည်။
လက်ရှိတွင်မူ ကော်မတီဝင်သည် ပြဇာတ်၏အောင်မြင်နိုင်ချေကို မတွက်တော့ပေ။ ဤသို့အလှလေးပါဝင်သောပြဇာတ်သည် မအောင်မြင်စရာအကြောင်းမရှိပါချေ။
ပိုင်ယွီကိုကြည့်နေရင်းမှ နံဘေးတွင်ရပ်နေသော ကျောင်းပန်းလေးကို ကြည့်မိသွားသည်။ ယခင်က လှပ၍ချစ်စရာကောင်းသည်ဟု သူထင်ခဲ့မိသောကျောင်းပန်းလေးသည် ရုတ်ချည်းဆိုသလို အိမ်စေနှင့်တူသွားသည်ဟု ခံစားလိုက်ရသည်။ မင်းသမီးဝတ်စုံကို အသေအချာဝတ်ဆင်ထားသော်လဲ ပုံထွက်က အတော်ညံ့ဖျင်းပါသည်။
"ပိုင်ယွီ..."
ကော်မတီဝင်သည် စိတ်လှုပ်ရှားစွာဖြင့် ရှေ့တစ်လှမ်းတိုးကာ ပိုင်ယွီ၏ရှေ့တွင်ရပ်လိုက်သည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️