unicode
အပိုင်း(၆၃) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၁၀.၁)
ဘုန်းတော်ကြီးသည် လွန်စွာကြောက်လန့်နေပုံပင်။
သူ့ဘဝတစ်လျှောက်လုံး၌ ထိုသို့မလုပ်ခဲ့ဖူးသော်လဲ ယခုအခါတွင်မူ ရိုကျိုးစွာဒူးထောက်၍ တောင်းပန်နေရခြင်းမှာ သူ့၏ဘဝသက်တမ်းကို ဆက်နိုင်ရန်ဖြစ်သည်။
သူ့ကဲ့သို့လူသည် မွေးဖွားချိန်မှစ၍ မီးရောင်အောက်၌နေရသည့် စင်ပေါ်ကလူဖြစ်သည်။ ဘုန်းတော်ကြီးဖြစ်ချိန်တွင်လဲ လူတိုင်းထံမှ အချစ်ခံရသည်။
ယခုအခါတွင်မူ ဤသို့အရှက်ရဖွယ်အလုပ်မျိုးကို လုပ်နေရသည်။ သို့သော် ထိုသို့လုပ်မှသာ အသက်ရှင်နိုင်ပြီး ကလဲ့စားချေနိုင်မည်ကိုလဲ သိသည်။
လက်ရှိတွင် သူ့နှလုံးသားထဲ၌ တွန့်ဆုတ်နေသော်လဲ မျက်နှာကိုမော့၍ ပိုင်ယွီအား ကာကွယ်ပေးပါရန် တောင်းဆိုနေဆဲပင်။
လက်ရှိအနေအထားအရ ပိုင်ယွီသည် ထိုဗန်ပိုင်းယား၏ ပွေ့ချီခြင်းကို ခံထားရသောကြောင့် တစ်ချက်ကြည့်လိုက်ရုံနှင့်တင် ထိုဗန်ပိုင်းယားသည် ပိုင်ယွီအပေါ် မည်မျှအလေးထားသည်ကို မြင်ရသည်။
ဤအခြေအနေမျိုးတွင်မူ ပိုင်ယွီအား တောင်းဆိုခြင်းကသာ ပို၍အသုံးဝင်လိမ့်မည်။
ထို့ကြောင့် ပိုင်ယွီကိုသာ ဆက်ပြောနေလေသည်။
"ပိုင်ယွီ မင်းအနားက လူတွေကိုကြည့်ပါဦး သူတို့တွေက မင်းကလေးဘဝကတည်းက ကြည့်ရှုပေးလာကြတာပါ လူတိုင်းက မင်းရဲ့ဆွေမျိုးတွေပဲလေ မင်းဘာလုပ်နေတာလဲ လူစိမ်းတစ်ယောက်က ကိုယ့်ဆွေမျိုးတွေကို ထိခိုက်အောင်ပေးလုပ်မလို့လား ပိုင်ယွီ မင်းသိထားရမှာက ဒီနေရာဟာ မင်းမွေးဖွားပြီ ကြီးပြင်းလာတဲ့နေရာပဲ မင်းကိုချစ်ပေးဖို့မတောင်းဆိုဘူး ဒါပေမဲ့ ဖျက်စီးလို့မရဘူး"
ဘုန်းတော်ကြီးသည် ပိုင်ယွီအား စိတ်ကြီးဝင်ရန် နည်းမျိုးစုံဖြင့်ပြောပြီးနောက် ခံစားချက်တို့လှုပ်ရှားစေလျက် အကြောင်းပြချက်ကို နားလည်လာအောင်လုပ်နေသည်။
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️