unicode
အပိုင်း(၇၄) (အဲ့ဒီဗန်ပိုင်းယားအရူးကောင်က ငါ့ယောကျာ်း ၂၁.၂)
ဝင်ချက်စတာနှင့်တိုက်ပွဲမှာ ပြင်းထန်ပုံရသော်လဲ တကယ်တမ်းတွင်မူ ကမ္ဘာကြီးကိုစိတ်ကုန်နေကြ၂ဦးသား စိတ်ထွက်ပေါက်ရှာကြရုံသာဖြစ်သည်။ ပြောရမည်ဆိုပါလျှင် အလွန်ကြာရှည်စွာနေထိုင်လာရပြီးပြီဖြစ်၍ သေရမည်ဆိုလျှင်ပင် ကိစ္စကြီးကြီးမားမားမရှိချေ။
ယခုအခါတွင် ပိုင်ယွီက သူ့အသက်ကိုလိုချင်နေပြီဖြစ်၍ ပေးလိုက်တော့မည်။ ပိုင်ယွီမရှိတော့သည့်အနာဂတ်၌ မည်သို့နေထိုင်ရမည်ကို သူမသိပေ။ ပိုင်ယွီသေကြောင်းကြံခဲ့စဉ်က ရှစ်ယွင်ယီ ထိတ်လန့်ကာပြိုလဲခဲ့ရဖူးသည်။
သို့ဖြစ်၍ ပိုင်ယွီ၏လက်နှင့်သေရပြီး ပိုင်ယွီသာစိတ်ချမ်းသာမည်ဆိုလျှင် သေပေးလိုက်ရလဲ အဆင်ပြေသည်ဟုထင်သည်။
မော့ယွင်ကသာ ပိုင်ယွီကို သဘောမကျခြင်းမျိုးရှိသလား သူမသိပေ။ ထို့ကြောင့် အိပ်ရာမှထကာ ပိုင်ယွီထွက်သွားသောလမ်းကြောင်းအတိုင်း တုံ့ဆိုင်းခြင်းအလျဉ်းမရှိဘဲ လိုက်သွားမိသည်။
ရှစ်ယွင်ယီသည် သစ်ပင်အကွယ်၌ရပ်၍ သူရှေ့မှ၂ယောက်၏စကားဝိုင်းကို နားထောင်နေသည်။
မော့ယွင်၏ပုံစံမှာ ဟိတ်ကြီးဟန်ကြီးနှင့်ပင်။
"ဘယ်လိုလဲပိုင်ယွီ ငါခေါ်သွားပေးရတော့မလား"
ထိုသို့ပြောပြီးနောက် ပိုင်ယွီ၏လက်ကို အားနှင့်ဆုပ်ကိုင်လိုက်သည်။
"အလျင်မလိုစမ်းပါနဲ့"
ပိုင်ယွီကမူ တည်တည်ငြိမ်ငြိမ်နှင့်ပြုံးပြကာ တားဆီးလိုက်သည်။
"ရှစ်ယွင်ယီကို မင်းဘယ်လိုသတ်မှာလဲဆိုတာ ငါ့ကိုအရင်ပြောပြပါဦး"
မော့ယွင်က မျက်မှောင်ကျုံ့လိုက်ပြီးနောက် ပြောပြလာသည်။
"ဝင်ချက်စတာကို ချိတ်ပိတ်ထားတဲ့နေရာအကြောင်း ငါသိထားတယ် ငါသူ့ကိုကယ်ပြီးရင် ရှစ်ယွင်ယီကိုခြိမ်းခြောက်ဖို့အတွက် မင်းကိုအသုံးချမယ် မင်းနဲ့သာဆို ရှစ်ယွင်ယီက အာရုံထွေပြားသွားမှာ ဒါပေမဲ့ မင်းစိတ်မပူပါနဲ့ ဝင်ချက်စတာက မင်းကိုထိခိုက်အောင်လုပ်တာမျိုး ငါအဖြစ်မခံပါဘူး အချိန်ကျလို့ ရှစ်ယွင်ယီသေသွားတာနဲ့ မင်းလဲလွတ်လပ်ပြီ"
YOU ARE READING
ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)
Fantasyပြောဖူးသလိုပဲ Arc 1ကရေးထားပြီးပေမဲ့ ကိုယ်ကအစကနေပြန်တာမို့ မတူတာရှိနိုင်ပါတယ်နော် ။ #MTL ကယူပြန်ထားခြင်းဖြစ်ပါသည်။ ✌️