Arc 2.22(2)

4.1K 379 4
                                    

unicode

အပိုင်း(၅၂) (ငါက အရှင်အယ်လ်ဖာရဲ့အသဲတုံးလေးလေ ၂၂.၂)

သူ၏ဘဝကို ဤကမ္ဘာတွင်သာ ဗီလိန်နှင့်အတူဖြတ်သန်းရန် ဆုံးဖြတ်ထားနှင့်ပြီးဖြစ်သော်လဲ နှစ်သက်မှုကတိုးမလာသောအခါ ပိုင်ယွီသည် အနည်းငယ်မျှမပျော်မရွှင်ဖြစ်လာသည်။ မည်သည့်နေရာတွင် မှားယွင်းနေရပါသနည်း။

"ကလေးလေး ဘာလုပ်နေတာလဲ"

လီယွီဖုန်းသည် ပိုင်ယွီအား အနောက်မှသိုင်းဖက်လိုက်သည်။ ပိုင်ယွီ၏ဂုတ်ပိုးမှ ထွက်ပေါ်နေသည့် ဖယ်ရိုမုန်းရနံ့များသည် ကလေးမွေးပြီးနောက်ပိုင်း လျော့နည်းမသွားရုံသာမက ပို၍ပင်သိပ်သည်းလာသေးသည်။

ထိုရနံ့အား ရှုရှိုက်မိရုံနဲ့တင် လီယွီဖုန်းခမျာ အနည်းငယ်မျှ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ရသည်။ ပြန်တွေးပြည့်ပါလျှင် ပိုင်ယွီကိုယ်ဝန်ဆောင်ခဲ့သောကာလနှင့် မီးဖွာပြီးအနားယူသောကာလများကို တွက်လိုက်ပါက ပိုင်ယွီအား မထိတွေ့ရခဲ့သည်မှာ ၁၂လကျော်ကြာခဲ့ပြီဖြစ်သည်။

တားမြစ်ချက်အား ရုတ်သိမ်းနိုင်တော့မည်ဟု သိလိုက်ရချိန်တွင် လီယွီဖုန်းသည် လွန်စွာစိတ်လှုပ်ရှားသွားကာ ပိုင်ယွီ၏လက်များကို ထိမိရုံနှင့်ပင် ကတုန်ကရင်ဖြစ်ရရှာသည်။

သူ၏နှုတ်ခမ်းမှာလဲ မအောင့်အီးနိုင်စွာဖြင့် ပိုင်ယွီ၏နားရွက်လေးကို နမ်းလိုက်သည်။

"ဘာတွေလုပ်နေတာလဲ..."

ပိုင်ယွီကမူ တီဗီကြည့်နေဆဲပင်။ လွန်ခဲ့သော၂လအတွင်း တီဗီမကြည့်ရခြင်းက သူ့အား အသက်ရှုကြပ်စေခဲ့သည်။ ယခုအခါတွင်မူ တီဗီ၌သာ အာရုံစိုက်နေမိပြီး ဇာတ်လမ်း၏ဆွဲဆောင်မှုကို ခံနေရသည်။

"ဘာမှမလုပ်ပါဘူး..."

လီယွီဖုန်း၏အသံက အက်ရှနေသည်။

"ကိုယ်က ဒီအတိုင်း မင်းကိုနမ်းတာပါ"

ထိုသို့ပြောနေသောလီယွီဖုန်းသည် သူ၏ဖယ်ရိုမုန်းများကို တိတ်တဆိတ်ထုတ်လွှတ်နေခဲ့သည်။ အိုမီဂါတစ်ယောက်အတွက် အယ်လ်ဖာ၏ဖယ်ရိုမုန်းကသာ estrusဖြစ်လာစေသည့် အကောင်းဆုံးအထောက်အကူဖြစ်သည်။ ထို့ကြောင့်လဲ လီယွီဖုန်းသည် ဖယ်ရိုမုန်းများကို စိတ်ရှည်လက်ရှည်နှင့် ဖြေးဖြေးချင်းစီ ထုတ်လွှတ်နေလေသည်။

ပိုင်ယွီသည် ပြောမပြတတ်အောင် ပူလောင်လာသည်။ သို့သော် သူ၏အနောက်မှလူက ရည်ရွယ်ချက်ရှိရှိ လုပ်ကြံနေခဲ့သည်ကို သတိမထားမိခဲ့ပေ။

သူ၏အသက်ရှုနှုန်းက မြင်သာသည်အထိ မြန်ဆန်လာပြီး မျက်နှာထက်၌လဲ မူမမှန်သောနီရဲမှုများ ရှိနေခဲ့သည်။

ဗီလိန်ကငါ့ကိုအရမ်းချစ်တယ်(Arc 1 to 4)Where stories live. Discover now